နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တောမီး သုံးရက်ဆက်တိုက် ထိန်းချုပ်နေရ

ပေကျင်း မတ်  ၂၀

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် တောမီးလောင် ကျွမ်းမှု ဖြစ်ပွားနေပြီး ယင်းကို သုံးရက်ကြာသည်အထိ ထိန်းချုပ်မှုများပြုလုပ်နေရကြောင်း  နိုင်ငံပိုင်ရုပ်သံက မတ် ၁၉ ရက်တွင် ကြေညာသည်။

အဆိုပါတောမီးသည် ယာဂျန့် ခရိုင် ဘိုင်ဇီကျေးရွာတွင် စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး  မီးသတ် သမားများသည်  မီးလောင်ကျွမ်းမှု ကို ထိန်းချုပ်နိုင်ရန် မတ် ၁၇ ရက် ကတည်းက စတင် လုပ်ဆောင်နေသော် လည်း လက်ရှိအချိန်ထိ ပျံ့နှံ့နေကြောင်း သိရသည်။ 

မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို အဓိကမီးလောင်ရာ နေရာသုံးခုသို့ အာဏာပိုင်များက စေလွှတ်ထားပြီး တောမီးကြောင့်  ဒေသခံ ၅,၉၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ရန် အမိန့်ပေးထားကြောင်း အာဏာပိုင် များက ပြောကြားသည်။







(ref: AFP)






အခြားဆက်စပ်သတင်းများ