နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာကာသထဲ နျူလက်နက်မချရန် အမေရိကန်နှင့် ဂျပန်တိုက်တွန်း

ဝါရှင်တန် မတ်  ၂၀

အာကာသထဲ နျူလက်နက်တပ် ဖြန့်ချထားခြင်းကို တားမြစ်သည့် စာချုပ်ကို ကမ္ဘာ့နိုင်ငံများအနေဖြင့် လိုက်နာသင့်ကြောင်း တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ဂျပန် တို့က ကုလလုံခြုံရေးကောင်စီထံ မတ် ၁၉ ရက်က တင်သွင်းလိုက်သည်။

ယင်းဆုံးဖြတ်ချက်သည်ရုရှား နိုင်ငံကို ရည်ရွယ်သည့် သတင်း စကားတစ်ခုဖြစ်ပြီး  ရုရှားသည် အာကာသအခြေပြု ဂြိုဟ်တုဖျက် နျူဒုံးကျည်စနစ်တစ်ခုကို တီထွင် ထုတ်လုပ်နေသည်ဟု အမေရိကန်က ယူဆထားသည်။ 

ရုရှားကမူ အဆိုပါလက်နက်စနစ် သည် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးမှ ဖုန်းအခြေပြု ဆက်သွယ်ရေးစနစ်အထိ ဆက်သွယ်ရေးပုံစံ အားလုံးကို နှောင့် ယှက်ဖျက်ဆီးနိုင်သဖြင့် အာကာသ အတွင်း နျူလက်နက်တပ်ဆင်ဖြန့်ကြက် ခြင်းကို  ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောသည်။

၁၉၆၇ ခုနှစ်ကစ၍ ကမ္ဘာပတ်လမ်း ကြောင်းအတွင်း နျူထိပ်ဖူးသယ်ဆောင် သည့် အရာ၀တ္ထု သို့မဟုတ် အစုလိုက် အပြုံလိုက်ဖျက်ဆီးနိုင်စွမ်းရှိသော လက်နက်မျိုး တပ်ဆင်ဖြန့်ကြက်မှုကို တားမြစ်သည့် အာကာသပြင်ပဆိုင်ရာ စာချုပ်တွင် ရုရှားသည် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

အဆိုပါစာချုပ်သည် နျူလက်နက် ကို အာကာသထဲ တပ်ဖြန့်ချခြင်း ကိုသာ တားမြစ်ထားပြီး ယင်းလက်နက် ထုတ်လုပ်မှုကိုမူ တားမြစ်ထားခြင်းမရှိ ကြောင်း သိရသည်။       






  (ref: Reuters)






အခြားဆက်စပ်သတင်းများ