နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါရာဂွေး ဘောလုံးပြတိုက် ပြန်လည်ဖွင့်လှစ်

လူကေး မတ်  ၂၀

တောင်အမေရိကနိုင်ငံသားများ အတွက် ရည်ရွယ် တည်ဆောက်ထား သည့် ပါရာဂွေးနိုင်ငံ၊ လူကေးမြို့ရှိ ဘောလုံးပြတိုက်ကို မတ် ၁၈ ရက်ကစ ပြီး ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရ သည်။

အဆိုပါ ဘောလုံးပြတိုက်ကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ဖွင့်လှစ် ခဲ့သော်လည်း  အကြောင်းအမျိုးမျိုး ကြောင့်  ပြင်ဆင်မှုများ ပြုလုပ်ရန်  ယာယီပြန်ပိတ်ခဲ့ကာ ယခုမူအများ ပြည်သူ ဝင်ရောက်ခွင့် ပြန်လည်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြတိုက်အဟောင်းတွင် ယခင်ကဘရာဇီးနှင့် အာဂျင်တီးနား အသင်း ဂန္ထဝင်ကစားသမားများဖြစ် သော ပီလီနှင့် မာရာဒိုနာတို့၏ ပုံစံတူ ရုပ်တုများသာထားရှိပြီး ယခုမူ အာဂျင် တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ ဖလားရ ယူပေးခဲ့သည့် မက်ဆီ၏ ရုပ်တုကိုလည်း အသစ်ထည့် သွင်းထားရှိကြောင်းတွေ့ရ သည်။

ပြတိုက်သည် တောင်အမေရိက နိုင်ငံသားများ၏ အထိမ်းအမှတ်ဖြစ်ပြီး ဂုဏ်ယူဖွယ်နေရာတစ်ခုဖြစ်ကြောင်း တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒိုမင်ဂွက်ဇ်က ပြောသည်။






(ref:AP)






အခြားဆက်စပ်သတင်းများ