နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွီဒင်အိမ်ရှေ့မင်းသမီး ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ

မော်စကို မတ်  ၂၀

ဆွီဒင်  အိမ်ရှေ့မင်းသမီး ဗစ်တိုးရီးယားသည်  UNDP၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်များဆိုင်ရာ သံတမန်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ် ၁၉ ရက်က ရောက်ရှိနေကြောင်း သိရသည်။

မင်းသမီး ဗစ်တိုးရီးယား၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်သည်လေးရက် တာကြာမြင့်မည်ဖြစ်ပြီး ယင်းခရီးစဉ် တွင် နိုင်ငံအတွင်း ရာသီဥတုပြောင်းလဲ မှု ဒဏ်ခံရနိုင်ခြေများသည့် နေရာများ ဖြစ်သော နိုင်ငံအနောက်တောင်ပိုင်း နှင့်ဒုက္ခသည် စခန်းရှိရာ နေရာများကို သွားရောက်မည်ဖြစ်သည်။ 

ခရီးစဉ်၏ ရည်ရွယ်ချက်သည် ဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆောင်ရွက်ချက်များ တိုးတက်မှု အပေါ် လေ့လာကြည့်ရှုရန်နှင့် ရာသီ ဥတုပြောင်းလဲမှု၊ ကျား၊မရေးရာ တန်း တူညီမျှမှုနှင့် စီးပွားရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်း  အသွင် ပြောင်းလဲမှုများနှင့်  ပတ်သက်ပြီး ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များကို လေ့လာမှတ်သားမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။                 

 






(ref: CNA)






အခြားဆက်စပ်သတင်းများ