နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာပေချစ်မြတ်နိုးသူများအတွက် MPT နှင့် ဝန်ဇင်း Mobile App တို့မှ “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကျင်းပမည်

ရန်ကုန် ဇွန် ၃၀


MPT သည် ဝန်ဇင်း Mobile App နှင့်ပူးပေါင်း၍ စာပေချစ်မြတ်နိုးသူများအတွက် ဆန်းသစ်သောစာဖတ် ညွှန်းရေးသားမှုပြိုင်ပွဲတစ်ခုဖြစ်သည့် “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကို ဇူလိုင် ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံတစ်ဝန်းရှိ စာဖတ်ပရိသတ်များ တိုးတက်မြင့်မားလာစေရန်၊ စာပေတတ် မြောက်ရေးကိုမြှင့်တင်နိုင်ရန်နှင့် နိုင်ငံ၏မျိုးဆက်သစ် ရွက်ပုန်းသီးလူငယ်စာရေးဆရာများကို ရှာဖွေဖော် ထုတ်နိုင်ရန်ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။


“ဖတ်ညွှန်းဒိုင်ယာရီ”စာညွှန်းပြိုင်ပွဲသည် နိုင်ငံတစ်ဝန်းရှိ စာပေချစ်မြတ်နိုးသူများအတွက် ရင်ခုန်စိတ် လှုပ်ရှားဖွယ် ကောင်းသော အတွေ့အကြုံသစ်များစွာကို ယူဆောင်လာနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။


ကြိုက်နှစ်သက်ဆုံး စာအုပ်ကို ရွေးချယ်ပြီး ထိုစာအုပ်အား ဖတ်ရှုမှုအပေါ်တွင် မိမိကိုယ်ပိုင်အမြင်နှင့် ပြန်လည်သုံးသပ်ချက်များအား စာပိုဒ်တိုဖြင့် ရှင်းလင်းထိမိစွာ ရေးသားဖော်ပြရမည် ဖြစ်သည်။

ထို့နောက် ပြိုင်ပွဲဝင်များသည် မိမိကိုယ်တိုင်ရေးသားထားသော ဖတ်ညွှန်းများကို မိမိ၏ ကိုယ်ပိုင် Facebook Account တွင် သက်ဆိုင်ရာ Hashtag (#(AuthorName)Review Diary #MPTWunZinn) အားအသုံးပြုပြီး အောက်ပါ အချိန်ဇယားအတိုင်း Public ဖြင့် ပို့စ်တင်ရမည်ဖြစ်သည်။


ထို့နောက် “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲ၏ Facebook Group ဖြစ်သည့် http://bit.ly/ReviewDiaryFB ကို ဝင်ရောက်ရန်လိုအပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူရဲ့ အချက်အလက်တချို့ကို Google Form မှတစ်ဆင့် တောင်းခံမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အနေဖြင့် မေးထားသော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီးပါက မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာပြီးဆုံးမည်ဖြစ်သည်။


People Choice Award အား Facebook တွင် Like and Share (Facebook Reaction) အများဆုံး ရရှိသည့် အရေအတွက် အပေါ်တွင် မူတည်ပြီး ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။


“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါကpppphhhhhhhd Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage  တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး Wun Zinn Mobile Application ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/wunzinn သို့မဟုတ် ဖုန်းနံပါတ် 01-9339216, 106 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရသည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ