နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MNA ၏ ပြည်ပလေယာဉ်ခရီးစဉ်များ လာမည့်ဇူလိုင်လ ၃၁ ရက်အထိ ဆက်လက်ရပ်နားထားမည်

ရန်ကုန်   ဇွန်    ၃၀


မြန်မာအမျိုးသားလေကြောင်း(MNA)၏ စင်ကာပူ၊ ဗန်ကောက်၊ ချင်းမိုင်၊ ဟောင်ကောင် စသည့်မြို့များသို့ ပြည်ပခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းများကို လာမည့် ဇူလိုင်လ ၃၁ ရက်အထိ ဆက်လက် ရပ်နားထားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။


မြန်မာအမျိုးသားလေကြောင်းမှ လေယာဉ်ခရီးစဉ်များပြေးဆွဲနေသော ပြည်ပနိုင်ငံများရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်များတွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ဆိုက်ရောက်ခြင်းများကို   သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ယာယီပိတ်ပင်ထားဆဲဖြစ်သည့်အတွက် ယခုကဲ့သို့ မြန်မာ အမျိုးသားလေကြောင်း(MNA)အနေနှင့် ပြည်ပခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းများကို ဇူလိုင်လ ၃၁ ရက်အထိ ဆက်လက်ရပ်နားရခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ လေကြောင်းခရီးစဉ်များ ယာယီရပ်နားထားသည့်ကာလအတွင်းခရီးသွားလာရန် ကြိုတင်ဝယ်ယူ ထားမိသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း၊ Air Ticket Agent များမှဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို Agent များမှတစ်ဆင့် Full Refund ပြန်လည်ထုတ်ယူနိုင်ပြီးမြန်မာအမျိုးသားလေကြောင်း (MNA)၏ အင်တာနက် Website မှတစ်ဆင့် ဝယ်ယူထားပါက အီးမေးလ်လိပ်စာ - contactus@flymna.com သို့ဆက်သွယ်ကာ Full Refund ပြန်လည် ရယူနိုင်ကြောင်း သိရသည်။ ထို့အပြင် အသေးစိတ်အချက်အလက်များသိရှိလိုပါက MNA Call Center ဖုန်းနံပါတ် +951 378603(Ext– 04, 06, 07, 08)နှင့် +951 377840(Ext– 41, 42)တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။                                                                                                           


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ