နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးမြို့တော်တခွင် အပူချိန်စံချိန်တင်မြင့်တက်

ရီယိုဒီဂျနေးယိုး မတ်  ၁၉

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ အနောက်ဘက်ခြမ်းရှိ ဂွာရာတီဘာ ရပ်ကွက်တွင် မတ် ၁၈ ရက်က အပူချိန် ၆၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ပြီး စံချိန်တင်ပူပြင်းခြောက် သွေ့လျက်ရှိကြောင်း ဘရာဇီးအစိုးရ က ထုတ်ပြန်သည်။ 

အဆိုပါအပူချိန်သည် ၂၀၁၄ ခုနှစ် ရာသီဥတု သတိပေးစနစ် စတင် သတ်မှတ်ချိန်ကစ၍ မှတ်တမ်းတင် ထားသမျှတွင် အမြင့်ဆုံးအပူချိန်ဖြစ်ပြီး အပူဒဏ်သက်သာစေရန် ဒေသခံများ သည် ကမ်းခြေများနှင့် ရေကူးကန်များ တွင် စုပြုံရောက်ရှိနေကြောင်း သိရ သည်။ 

အချို့နေရာများတွင် သောက် သုံးရေနှင့် ချိုးရေသုံးစွဲရန်ပင် ရေလုံလောက်မှုမရှိကြောင်း၊   ရီယို အော်ပရေးရှင်းစင်တာ၏ အစီရင်ခံစာ အရ  အပူချိန်နှင့် စိုထိုင်းဆပမာဏမြင့် တက်ခြင်းကြောင့် ယင်းဒေသတွင် အပူ ဒဏ်ကို ပိုမိုခံစားရခြင်းဖြစ်ကြောင်း သိရသည်။

ဘရာဇီး ဂွာရာတီဘာရပ်ကွက်သည် သမုဒ္ဒရာနှင့် နီးကပ်နေပြီး ယင်း ဧရိယာကို တိုက်ခတ်သည့် ပူနွေးသော မြောက်လေကြောင့် မြင့်မားသည့် အပူချိန်များ  ကျရောက်နေခြင်း ဖြစ်ကြောင်း ရီယိုအော်ပရေးရှင်းစင်တာ က ထုတ်ပြန်ထားသည်။







(ref: Reuters)






အခြားဆက်စပ်သတင်းများ