နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေး

မိမိတို့နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အလားအလာ ကောင်းများ ပိုင်ဆိုင်ထားသကဲ့သို့ အခက်အခဲနှင့်စိန်ခေါ်မှုများစွာရှိ နေသည်။ လက်ရှိကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်ဆက်နွှယ်၍ ကမ္ဘာ တစ်ခွင်၌ဖြစ်ပေါ်လျက်ရှိသော အစားအစာနှင့်လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုများကလည်း မိမိတို့နိုင်ငံအပေါ်ရိုက်ခတ်လျက်ရှိသည်။

 ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရာတွင် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ရလေ့ရှိရာ ယင်းအခက် အခဲများကို စီးပွားရေးဆိုင်ရာအခက်အခဲနှင့်စီးပွားရေးနှင့် တိုက်ရိုက် မသက်ဆိုင်သော အခက်အခဲများဟူ၍ သုတေသီပညာရှင်တို့က ဖော်ပြကြသည်။

အရှေ့တောင်အာရှနိုင်ငံများအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ကို ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများအဖြစ် သတ်မှတ်ထားရာ စိုက်ပျိုး၊မွေးမြူ၊ ကုန်ထုတ်လုပ်မှုများမြင့်တင်ပြီး ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်က ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၅ ဒသမ ၅ ရာခိုင်နှုန်း စီးပွားဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်တက်လာပြီး မြန်မာနှင့်လာအိုတို့မှာ ၃ ရာခိုင်နှုန်းရပ်တည်နေသည်ဟု ပြည်ပအဖွဲ့ အစည်းများက ထုတ်ပြန်ထားသည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ဆီ ထွက်သီးနှံများတိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နေကြာ၊ နှမ်းဆီထွက်သီးနှံများကို ဇုန်အလိုက်အကောင် အထည်ဖော်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာဆီထွက် သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးမှု စနစ်ဖြင့် မြေပဲတစ်ဧကလျှင် ငွေကျပ်သုံးသိန်း၊ နှမ်းတစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၅ သိန်းနှင့်နေကြာတစ်ဧကလျှင် ငွေကျပ်နှစ်သိန်း နှင့် ညီမျှသည် သွင်းအားစုများထောက်ပံ့ပေးခဲ့သည်။

လာမည့်မိုးနှင့်ဆောင်းဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင်မြင့် စေရန် ဆီထွက်သီးနှံအထူးအထွက်တိုးဇုန်များသတ်မှတ်၍ ဇုန် တာဝန်ခံ ခန့်အပ်ခြင်း တိုင်းဒေသကြီး၊ ပြည်နယ်််၊ ခရိုင်နှင့်မြို့နယ်များ မှ စီမံကိန်းအကောင်အထည်ဖော်သည့်အဖွဲ့များဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်းဆောင်ရွက် ကြမည်ဖြစ်သည်။

 အထူးအထွက်တိုးရေးဇုန်များသတ်မှတ်ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းပညာပြည့်စုံကောင်းမွန်စေရေး၊ တောင်သူများကို အကြံဉာဏ်များ ထိထိရောက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အားထုတ်ဆောင်ရွက်စေ ချင်ကြောင်း။       






အခြားဆက်စပ်သတင်းများ