နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင်နှင့်အစိမ်းရောင် ကျွမ်းကျင်မှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဖြစ်ရပ်များတွင် နိုင်ငံ တကာသတင်းများတွင် တွေ့မြင်နေရသည်။ အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်း၌ ပြီးခဲ့သည့်သီတင်းပတ်သုံးပတ်ကျော်က နှင်းထူထပ်စွာ ကျခြင်း၊ မိုးရွာသွန်းခြင်းနှင့်ရာသီဥတုအေးခဲခြင်းတို့ကြောင့် လူပေါင်း ၆၀ သေဆုံးပြီး အခြား၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှပြောကြားကြောင်း မတ် ၁၅ ရက်သတင်းတွင် တွေ့ရသည်။ ကမ္ဘာကြီးပူနွေးလာခြင်းနှင့်ဆက်စပ်၍ ကမ္ဘာ့ဒေသအနှံ့အပြား တို့တွင် ပုံမှန်မဟုတ်သောအစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ် ပေါ်လျက်ရှိရာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသည့်ဒေသများ တွင် ရွာသွန်းနေပြီး ပူပြင်းခြောက်သွေ့မိုးခေါင်နေသည့်ဒေသများ လည်းရှိနေသည်။

 ဗီယက်နမ်နိုင်ငံ ဇလဗေဒနှင့်မိုးလေဝသသိပ္ပံနှင့်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အင်စတီကျု့က ဗီယက်နမ်နိုင်ငံတွင်လာမည့် သုံးလမှလေးလအတွင်း အပူချိန်များမြင့်တက်လာနိုင်ပြီး တောင်ပိုင်း ဒေသများတွင် ယခင်နှစ်များထက် မိုးရွာသွန်းမှုလျော့နည်းမည်ဟု လည်းကောင်း မိုးရာသီသည်ယခုနှစ်မေလလယ်ခန့်တွင် ရောက်ရှိ နိုင်ကြောင်းနှင့် ဆိုးရွားသောရာသီဥတုပုံစံများကြောင့် ယခုနှစ်ပူပြင်း ပြီး နေသာသောရက်အရေအတွက်သည် ယခင်နှစ်များထက်ပိုမိုများ ပြားမည်ဟု သတင်းထုတ်ပြန်ထားသည်။

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့်သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့သည် ဒုတိယထောင်စုနှစ်သို့ ကူးပြောင်းချိန်တွင် ကမ္ဘာကြီးကိုသိသာထင်ရှားစွာ ခြိမ်းခြောက်လာသည့် ပြဿနာ ဖြစ်သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်ခြင်းနှင့် လူသားတို့အတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကျဆင်းစေခြင်း၊ သီးနှံအဖျက်ပိုးများ ‌ပေါက်ပွားနှုန်း မြင့်မားလာစေခြင်း၊  ဇီဝမျိုးစိတ်အချို့မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ လူသားတို့ကျန်းမာရေး ကို ထိခိုက်စေသည့် ပိုးမွှားပေါက်ပွားရာဒေသ များကျယ်ပြန့်လာခြင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းတို့မှ စားနပ် ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေခြင်းစသည့် အကျိုးသက်ရောက် မှုဖြစ်ပေါ်စေသည်။

 အာရှပစိဖိတ်ရုပ်သံထုတ်လွှင့်မှုအဖွဲ့နှင့် UN1-AproMe တို့  ပူးပေါင်းစီစဉ်ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့်အစိမ်းရောင် ထုတ်လုပ်မှုဆိုင်ရာ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို မတ် ၁၄ ရက်က    အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပို့ချရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်လေ့လာကြရာ ရုပ်သံထုတ်လွှင့်မှုအခန်း ကဏ္ဍမြှင့်တင်ရန်၊ အပြုသဘောဆောင်သည့် ထုတ်လွှင့်မှုများဖြစ်စေ ရန် လိုက်လျောညီထွေစေရန်နှင့်ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ လျော့ပါးရေးတွင် မီဒီယာအခန်းကဏ္ဍမှဆောင်ရွက်သင့်သည့် အချက်များကို ဘက်စုံထောင့်စုံမှဆွေးနွေးကြသည်။ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဟန့်တားတိုက်ဖျက်ရန်မှာ လူသား ထုတစ်ရပ်လုံး၏တာဝန်ဖြစ်ရာ အစိမ်းရောင်ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်လာရေး ကြိုးပမ်းစွမ်းဆောင်စေချင်ကြောင်း။   






အခြားဆက်စပ်သတင်းများ