နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သရက်သီးကားအစီးရေ တစ်ထောင့်ခုနစ်ရာကျော်နှင့် အသီးတန်ချိန်တစ်သောင်းကျော်တင်ပို့ရောင်းချပေးခဲ့

ရန်ကုန် ဇွန် ၂၉


ဇွန်လပထမ(၁၅)ရက်အတွင်းမူဆယ် (၁၀၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားတင်ပို့မှု မရှိသော်လည်းသရက်သီးကားအစီးရေ တစ်ထောင့်ခုနစ်ရာကျော်နှင့် သရက်သီးတန်ချိန် တစ်သောင်းကျော်တင် ပို့ရောင်းချပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာနသတင်း များအရသိရသည်။ ယခုအချိန်အခါသည်သရက်သီးထွက်ရှိနေချိန်ဖြစ်နေသဖြင့်မူဆယ်နယ် စပ်ကုန်သွယ် ရေးဇုန်မှတစ်ဆင့်တရုတ်နိုင်ငံသို့ သရက်သီးများကို နေ့စဉ်တင်ပို့ရောင်းချပေးလျက်ရှိသည်။ မူဆယ် နယ်စပ်ကုန် သွယ်ရေးဇုန်ဈေးကွက်သတင်းထုတ်ပြန်ချက်များအရ ဇွန်လ(၁)ရက်မှ (၇)ရက်အထိ သရက်သီးကားအစီးရေ (၁၀ဝ၁)စီး၊ တန်ချိန်အားဖြင့် (၆၈၄၈)တန်နှင့်ဇွန်လ(၈)ရက်နေ့မှ(၁၅)ရက်နေ့အတွင်းသရက်သီးကား အစီးရေ(၇၁၇)စီး၊တန်ချိန်အားဖြင့်(၄၉၆၃)တန်၊တင်ပို့ရောင်းချပေးခဲ့ကြောင်းသိရသည်။ ထို့ကြောင့်ဇွန်လ(၁)ရက်မှ (၁၅)ရက်အထိ ဇွန်လ၏ ပထမ(၁၅)ရက်အတွင်း သရက်သီးကားအစီးရေ (၁၇၁၈)စီးနှင့်သရက်သီးတန်ချိန်(၁၁၈၁၁)တန်တင်ပို့ရောင်းချပေးခဲ့သည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၏သရက် သီးဈေးကွက်တွင် သရက်သီးဈေးနှုန်းမှာဇွန်(၇)ရက်မှ(၁၅)ရက်အတွင်း သရက်သီးတစ်တန်လျှင် တရုတ်နိုင်ငံသုံးငွေ(ယွမ်၆၀ဝ၀)မြန်မာကျပ်ငွေ( ၁၁၄၆၀ဝ၀)ကျပ် ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။


ယခုအခါသရက်သီးများကိုတရုတ်နိုင်ငံသို့သာမကဘဲစင်ကာပူနိုင်ငံသို့လည်း တင်ပို့ရောင်းချပေးလျက်ရှိ သည်။ ရှမ်းပြည်နယ်သရက်အစုအဖွဲ့၏သတင်းများအရ ရှမ်းပြည်နယ်ထွက်စိန်တလုံးသရက်သီးများကို ယခုဇွန်လဆန်းမှစတင်ကာတရုတ်နိုင်ငံနှင့်စင်ကာပူနိုင်ငံ သို့တင်ပို့ရောင်းချပေးနေခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊မကျီးကုန်းကျေးရွာအုပ်စုကြာအင်းကျေးရွာအနီးတွင်သရက်သီး ပြုပြင်ထုပ်ပိုးရေးစက်ရုံမှ တစ်ဆင့်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ဒေသတွင်းသရက်စိုက်တောင်သူများက လာရောက်ရောင်းချပေးနေသည့် စိန်တလုံးသရက်သီးများကို အဆိုပါစက်ရုံမှအရွယ်အစားခွဲခြားထုပ်ပိုးကာ တရုတ်နိုင်ငံနှင့်စင်ကာပူဈေးကွက် သို့ တင်ပို့ရောင်းချပေးနေခြင်းဖြစ်သည်။ အဆိုပါထုပ်ပိုးစက်ရုံမှ သရက်သီးများကိုအလေးချိန်ဂရမ်(၂၅၀)မှဂရမ် (၃၀ဝ) အထိ၊ ဂရမ်( ၃၀ဝ)အထက်မှ(၃၅၀)ဂရမ်အထိ၊  ဂရမ် (၃၅၀)အထက်မှ ဂရမ်( ၄၀ဝ၊)အထိ၊ ဂရမ်( ၄၀ဝ) အထက်  စသည်ဖြင့် အဆင့်အတန်းခွဲခြားထုပ်ပိုးကာတင်ပို့ရောင်းချပေးနေခြင်းဖြစ်သည်။ လက်ရှိတွင်သရက်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချပေးရာတွင်သစ်သီးကားများ တရုတ်နိုင်ငံ (ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေသော်လည်း သစ်သီးကားဒရိုင်ဘာများကိုတရုတ်နိုင်ငံဘက်သို့ ဝင်ခွင့်မပြုသဖြင့်တရုတ်ဘက်မှ ရွေးချယ်ထားသော ယာဉ်မောင်းများဖြင့်သာ အဝင်အထွက်ပြုလုပ်နေရကြောင်း သိရသည်။

 

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ