နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောလင်းမြို့နယ် အထက်သီတရာကျေးရွာ၌ တစ်နိုင်တစ်ပိုင်ဝါးဖျာရက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကောလင်း   ဇွန်    ၂၉


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ရေကန်သာအုပ်စု၊ အထက်သီတစ်ရာကျေးရွာသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အဓိကထားလုပ်ကိုင်လျက်ရှိသော် လည်း လယ်ယာလုပ်ငန်းများပြီးချိန်တွင် တစ်ပိုင်တစ်နိုင်ဝါးဖျာရက်လုပ်ငန်းကို လုပ်ကိုင်ကြသဖြင့်မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။


“ဝါးဖျာရက်လုပ်ရန်အတွက် တင်းဝါးကိုပြာသိုလမှာခုတ်ယူထားရှိပြီး ပိုးမထိုးအောင်ဆေးဖျန်းကာ နေပူလှန်းထားရပါတယ်။ ဝါးကိုတစ်ဆစ်ထောင့်ဖြတ်ပြီး သုံးညရေစိမ်ထားကာ ရေစိမ်ထားသောဝါးများကို ဝါးနှီးဖျာပြီး ဝါးနှီးသားများကိုဖျာကြမ်းရက်လုပ်ကာ ဝါးနှီးကျောကိုတော့ နှီးချောဖျာရက်လုပ်ကြတာပါ။ ဝါးနှီးသားဖျာကို စပါး၊ ငရုပ်၊ မြေပဲလှန်းတဲ့အခါမှာသုံးပြီး ဝါးနှီးဖျာကိုတော့ အိပ်ယာခင်းဖျာအဖြစ် အသုံးပြု ကြပါတယ်။ ထို့အပြင် စပါးနှင့် စပါးခွံများသယ်ယူရာတွင်အသုံးပြုလျက်ရှိသောယိုင်ကိုလည်း ရက်လုပ်ကြပြီး အလျား ၁၃ တောင် အနံက ၂  တောင် တောင်သူသုံးယိုင်တစ်ချပ်ဆိုရင် ၇၀၀၀ ဖြင့် ရောင်းရပါတယ်''ဟု အထက်သီတရာကျေးရွာမှ ဝါးဖျာရက်လုပ်ငန်းလုပ်ကိုင်သူ ဦးရဲအောင်က ပြောသည်။


အထက်သီတစ်ရာကျေးရွာတစ်ရွာလုံးသည် ဝါးဖျာရက်လုပ်ငန်းကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းစတင် လုပ်ကိုင်မှသာလျှင်ခဏနားကြပြီး ဝါးဖျာရက်လုပ်ခြင်းလုပ်ငန်းကို တစ်နှစ်ပတ်လုံးလုပ်ကိုင်ကြသဖြင့် တစ်နိုင်တစ်ပိုင်ဝါးဖျာရက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။


မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ