နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းဝယ်လိုအား မြင့်တက်နေသည့်အပြင် ဈေးနှုန်းရရှိမှုမှာလည်း ပြည်ပဈေးကွက်ပေါက်ဈေးများထက် သာလွန်ကောင်းမွန်နေသဖြင့် ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်ဆိုင်းထား

ရန်ကုန် ဇွန် ၂၉


ပြည်တွင်းဝယ်လိုအားမြင့်တက်နေသည့်အပြင်ဈေးနှုန်းရရှိမှုမှာလည်း ပြည်ပဈေးကွက်ပေါက်ဈေး များထက်သာလွန်ကောင်းမွန်နေသဖြင့် ပြည်ပသို့ပြောင်းတင်ပို့မှု ရပ်ဆိုင်းထားကြောင်းမြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း၏ သတင်းများအရသိရသည်။ ပြောင်းဈေးကွက်သည် ပြည်တွင်းဈေးကွက် ထက်ပြည်ပဈေးကွက်သို့သာ အားထားလှုပ်ရှားနေရသည့် ဈေးကွက်တစ်ခုဖြစ်သည်။ လက်ရှိတွင်တရုတ်   နိုင်ငံ၏ ဝယ်ယူလိုအားကျဆင်းနေသဖြင့် ထိုင်းနိုင်ငံသို့သာတင်ပို့ရောင်းချပေးနေရသည်။

ယခုအခါ ပြည်တွင်း တိရစ္ဆာန်အစာစက်ရုံများ၏ ဝယ်လိုအားမှာလည်းသိသိသာသာမြင့်တက်လာခဲ့သည်။ ထို့အပြင်ပြောင်းဈေး နှုန်းများမှာ ပြည်ပဈေးကွက်များတွင် တစ်ပိဿာလျှင်(၄၀ဝ)ကျပ်ခန့်သာပေါက်ဈေးရှိနေသဖြင့် (၅၄)ပိဿာ ဝင်အိတ်တစ်အိတ်လျှင်ငွေကျပ်(၂၁၆၀ဝ)ကျပ်သာဈေးနှုန်းရရှိသည်။

လက်ရှိရန်ကုန်မြို့ဘုရင့်နောင်ပွဲရုံဈေးကွက်တွင် ပြောင်းတစ်ပိဿာလျှင် ငွေကျပ်(၅၈၀)ကျပ်အထိ ပေါက်ဈေးရှိနေသဖြင့် (၅၄)ပိဿာဝင်ပြောင်း တစ်အိတ်လျှင်(၃၁၃၂၀)ကျပ်အထိဈေးနှုန်းရရှိလာခဲ့သည်။

ထို့အပြင်လက်ရှိတွင်လည်းပြည်တွင်းပြောင်းဈေးကွက်တွင်တိရစ္ဆာန်အစာစက်ရုံများ၏ ဝယ်လိုအားမှာလည်းမြင့်တက်နေသဖြင့် ပြောင်းဈေးနှုန်းများမှာ ထပ်မံ မြင့်တက်လာနိုင်သည့် အခြေအနေတွင်ရှိနေသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်ပြောင်းဈေးနှုန်းများမှာ ပြည်ပဈေးကွက်ထက်များစွာ သာလွန်ကောင်းမွန်နေခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် ပြည်တွင်းဈေး ကွက်လိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ဦးစားပေး ရောင်းချပေးနိုင်ရေးအတွက် ပြည်ပသို့ပြောင်းတင်ပို့မှုများကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။


ပြည်တွင်းပြောင်းဈေးကွက်တွင် ပြောင်းဖူလုံမှုရှိနေပြီး ဝယ်ယူမှုလျော့နည်းလာကာ ဈေးနှုန်းများမှာ လည်း ပြည်ပဈေးကွက်ထက်လျော့ကျလာချိန်တွင် ပြောင်းများကို ပြည်ပသို့တင်ပို့ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ၌နှစ်စဉ်ပြောင်းစိုက်ဧက (၁ဒသမ၉) သန်း စိုက်ပျိုးကာ နှစ်စဉ်ပြောင်း(၂ဒသမ၃)သန်းထွက်ရှိနေပြီး (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန်(၁ဒသမ၈)သန်းတင်ပို့ရောင်းချပေးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်ပြည်တွင်းရှိ တိရစ္ဆာန်အစာစက်ရုံများမှလည်း ပြောင်း တန်ချိန်(၁ဒသမ၂)သန်းမှ (၁ဒသမ၅) သန်းအထိဝယ်ယူရန်ရှိနေသည်။

ထို့ကြောင့် ပြည်ပသို့ဆက်လက်တင်ပို့ရောင်းချပေးနေပါက ပြည်တွင်းဈေးကွက်များတွင် ပြောင်းလိုအပ်မှုများဖြစ်လာကာပြည်တွင်း တိရစ္ဆာန်အစာစက်ရုံများအတွက် ပြောင်းကုန်ကြမ်းရရှိမှုအတွက် အခက်အခဲများဖြစ်ပေါ်လာမည်ဖြစ်သည်။ အစာစက်ရုံများကုန်ကြမ်းအခက်အခဲ ဖြစ်ပေါ်လာလျှင် မွေးမြူရေးလုပ်ငန်းများအတွက်လည်း အခက်အခဲများဖြစ်ပေါ်လာမည်ဖြစ်သည်။


လက်ရှိပြည်တွင်းရှိ ပြောင်းစိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း ရာသီဥတုနှင့်ပိုးဖျက်ဆီးမှုများကြောင့် အထွက်နှုန်းမှာ(၁၀)ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။ ပြည်တွင်းတွင် ပြောင်းအထွက်နှုန်းလျော့ကျလာချိန်တွင် ပြည်တွင်းဝယ်လိုအားမြင့်တက်လာသဖြင့် ပြည်တွင်းပြောင်းဈေးကွက်ဈေးနှုန်းများမြင့်တက်လာကာ ပြည်ပဈေးကွက်ဈေးနှုန်းများထက် ပိုမိုသာလွန်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။


မြန်မာ နိုင်ငံပြောင်းလုပ်ငန်းရှင်များ အသင်း၏ ခန့်မှန်းချက်များအရလာမည့် ၂၀၂၁ခုနှစ်နှင့် ၂၀၂၂   ခုနှစ်များတွင်လည်း ပြည်တွင်းပြောင်းဈေးကွက်အခြေအနေ ဆက်လက်ကောင်းမွန်နေဦးမည်ဖြစ် ကြောင်း သိရသည်။


ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ