နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး

အစဉ်ကြိုးပမ်း 

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မှု အဓိကအချက်မှာ အရည်အချင်းပြည့်ဝသည့် လုပ်သားထုဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည်။  အရွယ်ရောက်သူတိုင်း     ကောင်းမွန်သည့်လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် အလုပ်အကိုင် အခွင့် အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုစနစ်ကို မြှင့်တင် ပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်း၊ ပြည်ပ၌ အလုပ်အကိုင်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာဌာနများက အလုပ်အကိုင်  အခွင့်အလမ်း၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာသင်တန်းများကို ပုဂ္ဂလိက နှင့်ဌာနဆိုင်ရာများကပါ ပိုမိုပါဝင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ်၊ အတတ်ပညာ၊  ဓနအင်အား၊ သဘာဝသယံဇာတတို့ဖြစ်သည်။ မိမိ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ် ကြရမည်ဖြစ်သည်။

ယနေ့ခေတ်မှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်ရရှိမှုနှင့်စီးပွားရေးလုပ်ငန်းများတွင်လည်း နည်း ပညာသည် အဓိကအရေးပါလာသည်။ သို့ဖြစ်ရာ ခေတ်နှင့်လျော် ညီသော နည်းပညာများကို လက်လှမ်းမှီသုံးစွဲနိုင်ရေးသည် ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှု၏ အကျိုးဆက်အဖြစ် ခံစားကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပညာရေးကဏ္ဍတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံခြင်းနှင့် အတန်းပညာမသင်ယူနိုင်သော အမျိုးသမီးများကို ၎င်းတို့ဘဝ ကောင်းမွန်စွာ ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကျောင်းပညာရပ် များ သင်ယူနိုင်ရေး စွမ်းဆောင်ကြရမည်ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသည် ပြည်ပသို့ အလုပ် အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်ပို့ချ၍ ပြည်ပသို့ သွား ရောက်လုပ်ကိုင်မည့် လုပ်သားများကျွမ်းကျင်မှုကို မြှင့်တင်ပေး လျက်ရှိသည်။ ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလျက်ရှိရာ  တိုးတက်မှုကို အမှီလိုက်နိုင်ရန် ယနေ့လူငယ်လူရွယ်များသည် သာမန်တတ်မြောက်သည်နှင့် တင်းတိမ်မနေဘဲ  အစဉ်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါ ကြောင်း။






အခြားဆက်စပ်သတင်းများ