နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည် ပြည့်မြဲစွမ်းအင်

 သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထား ရာ အကျိုးပြုရာ ဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင် ကို အဓိကထုတ်ယူအသုံးပြုကြသည်။ ရေမှ ရရှိသော ရေအား လျှပ်စစ်စွမ်းအင်သည် လူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး သည်။

နိုင်ငံလူဦးရေနှင့် မြို့ပြ၊ လူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်း များ တစ်နေ့တခြား တိုးပွားလာလျက်ရှိသည်။ ယင်းအနေအထားကို ဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုသည် အရေးပါသည်။ ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါရာ လေစွမ်းအင်၊ နေစွမ်းအင်နှင့်   ဇီဝစွန့်ပစ္စည်းလောင်စာတို့သည်  သဘာဝ အလျှောက် ထုတ်ယူသုံးစွဲ၍ မကုန်သည့်စွမ်းအင်များဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် နိုင်ငံတော် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုးအစားအနေဖြင့် ရေအား မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင်မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ထုတ်လုပ် ဖြန့်‌ဝေ လျက်ရှိသည်။ နိုင်ငံတော်တွင် နှစ်စဉ် လျှပ်စစ်ဓာတ်အားတိုးတက် သုံးစွဲမှုသည် ကိုးရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ် ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်နှင့် ပြည်သူ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်လျက်ရှိရာ တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံ ‌ခြောက်ရုံနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေး စက်ရုံစီမံကိန်း ကိုးခုတို့ကို နိုင်ငံတော်နှင့် ပုဂ္ဂလိက ကုမ္ပဏီ များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်တစ်ခုလုံး လျှပ်စစ်မီးရရှိရေး၊ ခေါင်လန်ဖူးဒေသ လျှပ်စစ်မီးလင်းရေး၊ အထမ်းချောင်းရေမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရေး၊ ဒေသခံ ကုမ္ပဏီမှ  ကွင်းဆင်းလေ့လာတိုင်းတာမှုများ ပြုလုပ်၍ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းအခက်အခဲများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်စဉ် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ် နိုင်ရေးကို အထောက်အပံ့ဖြစ်မည်ဟု ဆိုချင်ပါကြောင်း။     ။







အခြားဆက်စပ်သတင်းများ