နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိပြီး သေဆုံးသူ ၅၀၀၀၀၀ ကျော် ရှိလာ

ဇွန် ၂၉   ဝါရှင်တန်


ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးသူ ၅၀၀၀၀၀ ကျော် ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ 


၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိလာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဝက်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ကူးစက်ခံရခြင်းဖြစ်သည်။ အမေရိကတိုက် နိုင်ငံများတွင်လည်း COVID-19 ကူးစက်ခံရသူများ တဟုန်ထိုးမြင့်တက်နေသည်။


အာရှတောင်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင်လည်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသည်။ သို့သော် ဇူလိုင်လကုန်အထိ ကူးစက်ပျံ့နှံ့မှုအမြင့်ဆုံးကာလ ရောက်မည်မဟုတ်သေးဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည့်ခြောက်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သန်းရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်နိုင်ငံတွင် ကူးစက်ခံရသူ ၂.၅ သန်းရှိနေပြီး လူ ၁၂၅၀၀၀ သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ပိတ်ဆို့မှုစည်းမျဉ်းများ ပြန်လည်ဖြေလျှော့ပေးခဲ့သည့် အမေရိကန် ပြည်နယ်များတွင် ကူးစက်မှုသစ်များ စံချိန်တင်မြင့်တက်နေသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် ဘရာဇီးနိုင်ငံတွင်လည်း ကူးစက်ခံရသူ ၁.၃ သန်းရှိပြီး သေဆုံးသူ ၅၇၀၀၀ ရှိနေသည်။                                                                                            


(KNT)






အခြားဆက်စပ်သတင်းများ