နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးလေဝသဖြစ်စဉ်များ သတိပြု

နွေကာလသို့ ကူးပြောင်းရောက်ရှိလာသည်နှင့် နေ့အပူချိန်များ မြင့်တက်လာနေသည်။ နံနက်စောစောပိုင်းတွင် အေးမြမှု ခံစားရ သော်လည်း အအေးနှင့်အပူ ကွာခြားချက်သိသာသည်။ တပို့တွဲ- တပေါင်း နွေဦးရာသီကူးပြောင်းမှုကို သိသာစွာ ခံစားလာကြရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် မတ်လ၊ ဧပြီလ၊ မေလတို့တွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

နွေကာလအပူရှိန်ကြောင့် နေ့ဘက်တွင် အပူချိန်များ မြင့်တက် လာရာတွင် ပူနွေးသည့်လေများအထက်သို့ ပျံတက်ပြီး ငွေ့ရည်ဖွဲ့ ကာ မိုးတိမ်တောင်များ ဖြစ်ပေါ်လာသည်။ မိုးတိမ်တောင်များ အားကောင်းလာပါက မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာနိုင်သည်။ မိုးကြိုးတိမ်တိုက်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ မိုးတိမ်တောင်များသည် တစ်နေကုန်နေပူပြီးနောက် မွန်းလွဲပိုင်းနှင့် ‌ညနေပိုင်းတို့တွင်သာ အဖြစ်များခြင်းကြောင့် ယင်းအချိန်တွင် လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုနှင့် မိုးရွာသွန်းမှုကို သတိပြုကြရမည်ဖြစ်သည်။ ဖြစ်ပေါ် လာနိုင်သည့် လေပြင်းတိုက်ခတ်မှုကြောင့် လေကြောင်းကျရာ အရပ်၌ ခိုင်ခံ့မှုအားနည်းသည့် အိမ်ငယ်များ ပြိုပျက်နိုင်ရာ ကြိုတင် ပြင်ဆင် ဆောင်ရွက်ကြရန်လိုသည်။ 

အဆိုပါ မိုးလေဝသဖြစ်စဉ်များကြောင့် ကျေးလက်ဒေသများ တွင် နေထိုင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များ၊ ပြည်တွင်း ရေကြောင်း၊ လေကြောင်းသွားလာမှုများတွင် ဘေးအန္တရာယ် ကျရောက်နိုင်သည်ကို သတိရှိကြရမည်ဖြစ်သည်။သို့ဖြစ်ရာ အချိန်နှင့်အမျှ ပြောင်းလဲနေသည့် မိုးလေဝသ အခြေအနေများကို မျက်ခြည်မပြတ် သိရှိနိုင်ရန် သတိပေးထုတ်လွှင့် မှုများကို နားလည်ရန်၊ မိမိဒေသအပေါ် အချိန်အခါလိုက် ကျ‌ရောက် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန်၊ ဘေးအန္တရာယ်လျော့ပါးသက်သာအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ရပါကြောင်း။      






အခြားဆက်စပ်သတင်းများ