နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မသန်စွမ်းအဖွဲ့များအတွက် COVID-19 နှင့်ပတ်သက်သော သတင်းများ တိုက်ရိုက်သိရှိနိုင်ရန် ထုတ်ပြန်ပေးစေလို

ရန်ကုန် ဧပြီ ၇ COVID-19 နှင့်ပတ်သက်သည့် အရေးကြီးသတင်းအချက်အလက်များကိုဖော်ပြရာတွင် မသန်စွမ်းသူ များပါ တပြေးညီသိရှိနိုင်စေရန် ထုတ်ပြန်ချက်များကို လက်သင်္ကေတပြဘာသာစကားအပြင် စာတန်းထိုးခြင်း တို့ကိုပါထည့်သွင်းဖော်ပြနိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းအသင်းအဖွဲ့များ တိုက်တွန်းလိုက်ကြောင်း သိရသည်။ ယင်းမသန်စွမ်းသူများ၏ မိခင်ဘာသာစကားမှာ လက်သင်္ကေတပြဘာသာစကားဖြစ်ပြီး သတင်း အချက်အလက်များမျှဝေရာတွင် အများဆုံးအသုံးပြုနေကာ လက်ရှိတွင် COVID-19 ပြန့်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ တစ်နိုင်ငံလုံးသို့ကူးစက်ပြန့်နှံ့လျက်ရှိရာ အဆိုပါအခြေအနေတွင် အွန်လိုင်းနှင့် ရုပ်သံမီဒီယာများအပါအဝင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာများတွင် COVID-19 နှင့်ပတ်သက်၍သတင်း များကို အရေးတကြီးထည့်သွင်းဖော်ပြထုတ်လွှင့်လျက်ရှိသော်လည်း နိုင်ငံအတွင်းရှိ ၆ သိန်းကျော်ရှိသော နားမကြားလူမှုအသိုင်းအဝိုင်းအတွက် သတင်းအချက်အလက်များ လက်လှမ်းမီရယူနိုင်မှုတွင် ခက်ခဲလျက်ရှိ ကြောင်း သိရသည်။ ရုပ်သံမီဒီယာများအနက် ရုပ်သံအချို့တွင်သာ လက်သင်္ကေတပြဘာသာစကားဖြင့် သတင်းများဖော်ပြပေး နေသော်လည်း COVID-19 နှင့်ပတ်သက်သော ပြည်သူအားလုံးသိသင့်သည့် အရေးကြီးသတင်းများကို ဖော်ပြရာတွင် လက်သင်္ကေတပြဘာသာစကားအပြင် စာတမ်းထိုးခြင်းတို့အား ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရကြောင်း မသန်စွမ်းအဖွဲ့များက ဆိုသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိပြီး ကိုယ်ကာယ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည် မသန်စွမ်းဟူ၍ နိုင်ငံတော်က မသန်စွမ်းအမျိုးအစား(၄)မျိုးသတ်မှတ်ထားပြီး၊ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် နားမကြားသူများဦးရေ ၆၇,၃၁၂၆ ဦးရှိကြောင်း ဖော်ပြထားသည်။ (မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ