နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်နောက်ဖေး ဈေးဆိုင်တည်

မြန်မာနိုင်ငံတွင်  အဓိကစားကုန်ဖြစ်သည့်  ဆန်စပါးနှင့် ဆီထွက်သီးနှံတို့ကို ကောင်းမွန်ပြည့်စုံအောင် စိုက်ပျိုးနိုင်သည်။ ဆန်ကို  ပြည်တွင်း၌  လုံလောက်သည့်အပြင်  ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိသော်လည်း စားသုံးဆီကို ပြည်ပမှ ဝယ်ယူတင်သွင်း နေရသည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီထွက်သီးနှံများဧကပြည့်မီအောင် စိုက်ပျိုးခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာနက ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့ထုတ်များ မြေဩဇာထုပ်များ၊ စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင် များကို မြို့နယ်အချို့တွင် ပြည်သူများအား ဖြန့်ဝေပေးလျက်ရှိ သည်။ မြေပိုကွက်လပ်များ ရှိနေတတ်သည့် အိမ်နောက်ဘက် တွင် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရေးအတွက် ရည်မှန်း ဆောင်ရွက်လျက်ရှိသည်။

မိမိတို့ နေ့စဉ်စားသောက်နေကြရသည့် အစားအစာများတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန် လိုအပ်ချက်မှာ ဟင်းသီး ဟင်းရွက်များ မပါမဖြစ် ပါကြရသည်။ ဟင်းသီးဟင်းရွက်တစ်မျိုးစီ တိုင်းတွင် ဗီတာမင်အာဟာရဓာတ်များ မတူကွဲပြားစွာ ပါဝင်သည့် အတွက် အာဟာရစုံလင်အောင် နေ့စဉ်စားသုံးကြရန်လည်း လိုသည်။

ရာသီအလိုက် ဘူး၊ ပဲတောင့်ရှည်၊ ပဲပုစွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ ငရုတ်စိုက်ပျိုးကြသည့် ဓလေ့များရှိခဲ့သော်လည်း အလွယ်တကူ ဝယ်ယူစားသုံးနိုင်မှုကြောင့် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားခဲ့သည့် ဓလေ့များ ကွယ်ပျောက်လာသည်။ ခေတ်ကာလအရ ဟင်းသီး ဟင်းရွက်များကို ဝယ်ယူစားသောက်လာသည့်အခါ အာဟာရထက် ဘေးအန္တရာယ်မဖြစ်စေရန် ဂရုပြုလာကြရသည်။ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်ကြသည့်အခါ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေးများ သုံးစွဲခြင်း၊ အပင်၊ အသီးအနှံများ ဈေးကွက်ဝင်ကြီးထွား ရေးအတွက် အပင်ဟော်မုန်းဆေးများ သုံးစွဲခြင်း၊ သစ်သီးဝလံများ အရောင်လှစေရန်၊ အမြန်မှည့်ဆေးများ သုံးစွဲလာကြရာ သီးနှံများ က ကျန်းမာရေးထိခိုက်သည့် ဘေးထွက်ဆိုးကျိုးများပါ ရှိလာသည်။

မိမိအိမ်မြေလွတ်၊ မြေကွက်လပ်များတွင် ဟင်းသီးဟင်းရွက်ပင် များ စိုက်ပျိုးခြင်းဖြင့် သန့်ရှင်းလတ်ဆတ် ဘေးအန္တရာယ်ကင်း သော ဟင်းသီးဟင်းရွက်များ ရရှိနိုင်ခြင်း၊ မိသားစုဝင်များနှင့်အတူ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှု၊ ပျော်ရွှင်မှု တို့ကို ရရှိနိုင်မည်ဖြစ်ရာ မိသားစုအတွက် ကောင်းကျိုးဝေဖြာ ဖြစ်ထွန်းစေနိုင်သည့် အိမ်နောက်ဖေးဈေးဆိုင်တည်ဟူသော မြန်မာ ဆိုရိုးစကားကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် စေချင်ကြောင်း။      






အခြားဆက်စပ်သတင်းများ