နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး

 အကြမ်းဖက်စေခိုင်းမှုသည် ကျေးကျွန်စနစ်သာ ဖြစ်သည်။ ယခုအခါ ကျေးကျွန်ခေတ်မဟုတ်သော်လည်း ကျေးကျွန်ကဲ့သို့ပြုမူဆက်ဆံထိတွ့မှုများရှိနေသည်ကို တွေ့ရသည်။ ယင်းတို့မှာ အိမ်ဖော်ကဲ့သို့အလုပ်၊ လူ့ခန္ဓာကိုယ်နှင့် ရင်းနှီးရသော အလုပ်များ၊ ကလေးလုပ်သားများ ဖြစ်ကြသည်။ ထိုအလုပ်အကိုင်များမှာ နိုင်ငံ တိုင်းတွင် ရှိနေဆဲဖြစ်သည်။ အတင်းအဓမ္မအကြမ်းဖက်ခိုင်းစေ သည့် အမှုများကို တွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ပင်ဖြစ်သည်။

အချို့သော သွယ်ဝှိုက်စေခိုင်းမှုမျိုးဖြစ်သည့် သာမန်အဖိုး စားနားပေးပြီး အတင်းအဓမ္မစေခိုင်းမှုများ၊ အလွန်အကျွံစေခိုင်းမှု များလည်း ရှိသည်။ လူ့အဖွဲ့အစည်းတိုင်းတွင် မိမိလုပ်ငန်းအကျိုး စီးပွားအတွက် လုပ်ကိုင်မှုများဖြစ်သော်လည်း အလုပ်လုပ်နိုင်ခွင့် အတိုင်းအတာ၊ အလုပ်သမားအကျိုးခံစားခွင့်များ ထိခိုက်နစ်နာမှု မရှိစေရေး သတိပြုကြရပေမည်။တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ် နှစ်သန်း ကျော်မှာ အတင်းအဓမ္မခိုင်းစေသည့် အလုပ်များထဲတွင် ကျင်လည် နေရသည်ဟု နိုင်ငံတကာ အလုပ်အကိုင်အခြေအနေသုံးသပ်ချက် အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသတောတူစာချုပ်ပါ အဓိကအခွင့်အရေး လေးရပ်၊ တာဝန် သုံးရပ်နှင့် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အမျိုးသမီးအခွင့်အရေး (၁၀) ရပ်နှင့် အခြေခံစည်းမျဉ်း သုံးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။အလုပ်လုပ်ရာတွင် အကျိုးခံစားခွင့်များများရမည့် မက်လုံး အမျိုးမျိုးပေးပြီး လက်တွေ့အခြေအနေတွင် မူလအခြေအနေနှင့် မတူဘဲ တင်းကျပ်စွာ ခိုင်းစေပြီး မပြောင်းနိုင်၊ မရွှေ့နိုင်အောင် ပြုလုပ်ထားခြင်းသည် အဓမ္မခိုင်းစေမှုအသွင်ဆောင်သည်။

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ပေးရန်လိုအပ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှုမပြုရေးနှင့် အခွင့် အရေးများကို  အပြည့်အဝ  ခံစားခွင့်ရရှိရေး၊  အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းပေါင်း ၇၀၀ ကျော် ရှိပြီး အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံပေါင်း ၆၀၀ ကျော် ရှိသည်။ ယင်းအထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နေကြသူ အလုပ်သမား ငါးသိန်းခန့်ရှိပြီး အများစုမှာ အနယ်နယ် အရပ်ရပ်မှ ဇာတိကိုစွန့်ခွာ၍ လာရောက်လုပ်ကိုင်နေသူ အမျိုးသမီး များက အများစုဖြစ်သည်။ ယင်းလုပ်ငန်းများကို တိုးချဲ့ဖော်ထုတ် ဆောင်ရွက်လာသည်နှင့်အမျှ အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးတွင် ပိုမိုတိုးတက်လာမည်ဟု ဆိုချင်ပါကြောင်း။    






အခြားဆက်စပ်သတင်းများ