နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများဘက်စုံဖွံ့ဖြိုးရေး

မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း ၆၀ ခန့်ရှိသည်။ အဆိုပါလူဦး ရေထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားဦးရေထက် နှစ်သန်းကျော်ပိုမိုများပြားရာ နိုင်ငံအတွက်အဖိုးတန်သော လူသား အရင်းအမြစ်များပင်ဖြစ်သည်။ အမျိုးသမီးဦးရေ  ၁၀၀ တွင် ၅၂ ဦး ခန့်သာ အလုပ်လုပ်ကိုင်နေခြင်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏လုပ်အားကို အပြည့်အဝအသုံး မချနိုင်သည့် အခြေအနေပင်ဖြစ်သည်။သို့ဖြစ်ရာ အမျိုးသမီးငယ်ရွယ်သူများ လူမှုစီးပွားဘဝအခြေအနေ မြင့်မားရေးတွင် ပညာသင်ကြားတတ်မြောက်ရေး မြှင့်တင်ပေးရန် နှင့်အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ရေးသည် အရေးပါသကဲ့သို့ အလုပ်လုပ်ကိုင်နိုင်သော စွမ်းရည်များကျွမ်းကျင် မှုမြင့်မားရန်လိုအပ်သည်။

အမျိုးသမီးငယ်ရွယ်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး အတွက် ပညာသင်ကြားတတ်မြောက်ရေး၊ အမျိုးသမီးများအလုပ် လုပ်နိုင်သည့် စွမ်းရည်များကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အမျုးသမီး ငယ်ရွယ်များကိုယ်တိုင် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သော "အရှိန်အဟုန်မြင့်မားတိုးတက်ရေး အမျိုးသမီး များတွင် မြှုပ်နှံပေး" ဟု သတ်မှတ်ထားရာ လုံ့လ၊ ဝီရိယ စိုက်ထုတ်  ဆောင်ရွက်ကြရမည်ဖြစ်သည်။ယင်းအပြင်အမျိုးသမီးများနှင့်စပ်လျဉ်း၍ အကာအကွယ်ပြုရ မည့်အချက်မှာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်သည်။ အိမ်တွင်းအကြမ်း ဖက်မှုများဆိုသည်မှာ လင်နှင့်မယား၊ မိဘနှင့်သားသမီး၊ သမီးရည်စား တို့အကြားတွင် ကျူးလွန်သည့်အကြမ်းဖက်မှုများပင်ဖြစ်သည်။

အကြမ်းဖက်သည့်အပြုအမူများတွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ဂုဏ်သိက္ခာညစ်နွမ်း စေခြင်း၊ ပိတ်လှောင်ချုပ်နှောင်ထားခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ သီးခြားခွဲထားကာ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေခြင်း၊ ငွေကြေးလက်ဝါးကြီးအုပ်ထားခြင်း၊ ဆန္ဒမပါဘဲ လိင်ဆက်ဆံမှုပြုစေခြင်း၊ မကျန်းမာချိန်တွင် ဆေးကုသမှုမပေးခြင်း တို့ပါဝင်သည်။ယင်းအိမ်တွင်းအကြမ်းဖက်မှုများသည် မြန်မာ့ဓလေ့ယဉ်ကျေးမှု များနှင့်ဆန့်ကျင်နေသော်လည်း သတိမမူကြဘဲ နှုတ်ဆိတ်နေကြ သည်။ ယင်းအိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အသိပညာ ပေးခြင်းနှင့်ထိရောက်စွာ ကာကွယ်ပေးခြင်းကို မြန်မာ့လူဘောင် အသိုင်းအဝိုင်းတစ်ရပ်လုံးက အလေးအနက်ပြုကြရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ပါသည်။






အခြားဆက်စပ်သတင်းများ