နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စား၊ဝတ်နေမှု တိုးတက်ရေး အလေးထားဆောင်ရွက်ပေး

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင် ကြပြီး အများစုမှာ တောင်သူလယ်သမားသို့မဟုတ် လယ်ယာ စိုက်ပျိုးရေးကိုအမှီပြု၍  အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ကြသည်။ မျက်မှောက်ကာလတွင် ပြောင်းလဲလာသောခေတ်စနစ်နှင့် ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင်ရွက် လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေး၊ မွေးမြူရေးကိုခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်ဖွံ့ဖြိုး အောင် တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 တောင်သူလယ်သမားများအဓိကလိုအပ်သည့် စိုက်ပျိုးမြေ၊ ရေ၊နည်း၊ မျိုး၊ သွင်းအားစုတို့ကို နိုင်ငံတော်ကဘက်ပေါင်းစုံမှပံ့ပိုးပေး လျက် ရှိသည်။ ယင်းအပြင် ရေရှားပါးမှုအခက်အခဲအား ဖြေရှင်းနိုင်ရန် ရေလှောင်တမံပေါင်း (၂၄၆) ခု၊ ရေလွှဲဆည် (၁၄၄) ခု၊ ရေကန် (၇၂) ခု၊ ရေတံခါး (၁၉၉)ခု၊ ရေတင်လုပ်ငန်း (၂၁၉) ခု၊  စုစုပေါင်း (၈၀၀) ခု ဆောင်ရွက်ပေးထားပြီး စိုက်ဧက (၃၁) သိန်းကျော် အကျိုးပြု လျက်ရှိသကဲ့သို့ မြေအောက်ရေအရင်းအမြစ်များမှ စက်ရေတွင်း (၂၅၅၁၃) ခု တူးဖော်ခြင်း၊ ယာယီချောင်းပိတ်၊ တမံများပြုလုပ်ပြီး ဆိုလာရေတင်စနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ခြင်း၊ မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသောဒေသများနှင့် ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန်တာတမံများ တည်ဆောက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ယာသုံးစက်ကိရိယာများ စွမ်းအားပြည့်သုံးစွဲနိုင်ရေး မြေယာပြုပြင်ခြင်းမှရိတ်သိမ်းခြွေလှေ့ ခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေး စက်ကိရိယာအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးလျက် ရှိသည်။သို့ဖြစ်ရာ တောင်သူလယ်သမားဦးကြီးတို့အနေဖြင့် စိုက်ပျိုးသီးနှံ များ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။တောင်သူလယ်သမားဦးကြီးတို့အနေဖြင့် နိုင်ငံတော်၏စေတနာ ကို တန်ဖိုးထားပြီး ရိုးရိုးသားသားကြိုးကြိုးစားစားရှာဖွေလုပ်ကိုင် ကြပြီး စားရေရိက္ခာဖူလုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ကြရ မည်ဖြစ်သည်။ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်နေကြသော တောင်သူလယ်သမားတို့၏အင်အားဖြင့် စွမ်းဆောင်ကြရာတွင် ရိုးသားကြိုးစားသော တောင်သူလယ်သမား ဦးကြီးများကို အစဉ်ဂုဏ်ပြုကျေးဇူးတင်ရပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ