နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားအုန်းဆီ‌ဈေး ပြန်လည်ကျဆင်း

ရန်ကုန် ဇွန် ၂၈


ရန်ကုန်ဆီ‌ေဈးကွက်တွင်ဆီထုတ်ယူခွင့်စာရွက် DO လက်ကားတစ်ပိဿာဈေးနှုန်းသည် ဇွန် ၂၃ ရက်တွင် ၁၅၈၀-၁၅၈၅ကျပ်နှုန်းရှိရာမှ ဇွန် ၂၆ ရက်တွင် ၁၅၅၀-၁၅၆၀ကျပ်နှုန်းသာရှိသည်ဟု ဆီအသင်း၏နေ့စဉ်ဈေးနှုန်းအသိပေးထုတ်ပြန်ခြင်းများမှသိရသည်။

၂၀၂၀ ဇွန် ၂၆ ရက်တွင်ပြည်ပစားအုန်းဆီ  FOBတစ်တန်‌ဈေး(ဇူလိုင်လ‌ဈေးဇူလိုင်သင်္ဘောတင်)၆၁၀-၆၄၀ဒေါ်လာနှုန်း၊ ပြည်ပပို့ကုန်ရ ငွေလဲနှုန်း၁၃၈၈ကျပ်ဖြင့်ဆိပ်ကမ်းရောက်တစ်ပိဿာအရင်းဈေး(ယခု‌ ရောက်) ၁၅၂၂ကျပ်နှုန်း(ဇူလိုင်လ‌‌ရောက်) ၁၅၈၃ ကျပ်ဖြစ်ပြီး    DOစာရွက်လက်ကားတစ်ပိဿာရောင်းဈေး ၁၅၅၀-၁၅၆၀ကျပ်၊ ပေပါဈေးတစ်ပိဿာ ၁၆၁၀ ကျပ်ဟုအသိပေးဖော်ပြထားသည်။


ဈေးကွက်အတွင်းလက်ငင်းဆီပေပါလိုက် လက်လီဝယ်ရာတွင်တစ်ပိဿာလျှင် ၁၅၇၅ ကျပ်နှုန်းဖြင့် သာဝယ်ယူရသည်ဟု ဇွန် ၂၆ ရက်တွင် ဘိုကလေးမြို့အောင်သပြေဈေးမှရန်ကုန်သို့ဆီနှစ်ပေပါမှာ ယူဝယ်ခဲ့သူ ကိုဌေးကဆိုသည်။

မေလ၂၇ရက်တွင် ပြည်ပFOBတစ်တန်(ဇွန်လဈေး ဇွန်လသ‌င်္ဘောတင်) ၅၆၀-၅၉၀ဒေါ်လာနှုန်းပြည်ပ ပို့ကုန်ရ ငွေလဲနှုန်း ၁၄၀၇ ကျပ်တစ်ပိဿာအရင်း‌ဈေး(ယခုရောက်)၁၅၅၁ကျပ်(ဇွန်လရောက်)၁၄၈၀ကျပ်ရှိပြီးDO စာရွက်လက်ကားတစ်ပိဿာ ၁၄၆၀-၁၄၆၅ ကျပ်နှုန်းရှိသည်ဟုသိရသည်။


၂၀၂၀ ဧပြီ ၆ ရက်တွင်ပြည်ပFOBတစ်တန််(မေလ)၆၀၀-၆၃၀ဒေါ်လာနှုန်းပြည်ပပို့ကုန်ရ ငွေလဲနှုန်း ၁၄၂၅ ကျပ်တစ်ပိဿာအရင်းဈေး၁၅၉၄-၁၆၆၆ကျပ်ရှိပြီး DOစာရွက်လက်ကားတစ်ပိဿာရောင်းဈေး ၁၈၇၀ ကျပ် ပေပါဈေးတစ်ပိဿာ ၁၉၂၀ ကျပ်ပုံးဆွဲလက်လီတစ်ပိဿာဈေး ၂၀၀၀ ကျပ်အထိဈေးမြင့်တက်ခဲ့သည်ဟု ယင်းနေ့ဆီဈေးနှုန်းအသိပေးမှုမှသိရသည်။ ကိုဗစ်သုံးလတာဝန်းကျင်အတွင်း စားအုန်းဆီဈေးနှုန်းပုံမှန်အနေ အထားသို့ပြန်လည်‌ေရာက်ရှိလာသည်။ ဇွန် ၂၂ ရက်တွင်အသိပေးထား‌သောဆီအသင်း၏ ၂၄ကြိမ်မြောက်  အထိပြည်ပပို့ကုန်ရငွေရှိသူတိုင်းအ‌နေဖြင့် ပြည်ပမှစားအုန်းဆီတင်သွင်းခွင့်‌လျှောက်ထားမှုများ အပေါ်  ဆီ အသင်းထောက်ခံချက်ထုတ်ပေးမှုများအရ ၂၀၂၀ ပြည့်နှစ်အတွင်းနှစ်ဝက်ကာလမပြည့်မီတွင် ထောက်ခံချက် ထုတ်ပေးသည့်စားအုန်းဆီနှစ်မျိုးတန်ချိန်မှာ၅၆၀၀၀၀ တန်ဝန်းကျင်ရှိရာလိုအပ်ချက်အရတစ်နှစ်အတွင်း ပြည်တွင်းစားသုံးရန် ပြည်ပမှတင်သွင်း နေခဲ့ရသောဆီတန်ချိန်ခြောက်သိန်းဝန်းကျင်ကို နှစ်ဝက်ဝန်းကျင်တွင် တင်သွင်းထားနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်းစားသုံးဆီလုံ‌‌လောက်နိုင်သည့်အပြင်ပြည်ပ‌စားအုန်းဆီ‌ဈေးနှုန်းနှင့်ပြည်ပပို့ကုန်ရငွေလဲနှုန်းတို့အနိမ့်တွင်ရှိနေစဉ်တင်သွင်းမှုများပြားသဖြင့် ထူးခြားဖြစ်စဉ်မရှိပါက ပြည်တွင်းစားအုန်းဆီဈေးနှုန်း ကျဆင်းနိုင်မည့်အလားအလာရှိသည်ဟု နယ်ပို့စားအုန်းဆီအဝယ်တော် တစ်ဦးက သုံးသပ်ပြောကြားသည်။


မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ