နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီယား ဓာတ်ပေါင်းဖိုများ ယူကရိန်း တည်ဆောက်မည်

ကီယက်ဗ်၊ဖေဖော်ဝါရီ ၂


ရုရှားနှင့် ပဋိပက္ခ ရှည်ကြာနေစဉ် အတွင်း စွမ်းအင်ထုတ်လုပ်နိုင်စွမ်း တောင့်တင်းစေရန် နျူကလီယားဓာတ် ပေါင်းဖိုလေးလုံးကို ယခုနှစ်နှောင်း ပိုင်းတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း ယူကရိန်းက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 

အဆိုပါ ဓာတ်ပေါင်းဖိုအားလုံးကို ယူကရိန်းနိုင်ငံအနောက်ပိုင်း ခမယ်နီ စကီး နျူကလီယား ဓာတ်အားပေး စက်ရုံတွင် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို နွေ(သို့မဟုတ်)ဆောင်းရာသီတွင် စတင်မည်ဖြစ်ကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီး ဂယ်လပ်ရှန်ကိုက ပြောသည်။

ဓာတ်ပေါင်းဖိုနှစ်ခုကို ရုရှားနိုင်ငံ ထုတ် နည်းပညာ အစိတ်အပိုင်းများကို အခြေခံကာ တည်ဆောက်မည်ဖြစ်ပြီး ကျန်နှစ်ခုကို ဓာတ်အားထုတ်လုပ်ရေး ကိရိယာထုတ်လုပ်သူ Westinghouse က ထုတ်လုပ်သည့်အနောက်တိုင်း နည်း ပညာကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။                        






 (ref:AFP)






အခြားဆက်စပ်သတင်းများ