နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ ပိတ်သိမ်းရန် အစ္စရေးဝန်ကြီးချုပ် ပြော

ဂါဇာ၊ဖေဖော်ဝါရီ ၂


ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ (UNRWA) ကို ပိတ်သိမ်းရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟုက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံ များလွတ်မြောက်ရေးအတွက် သံတမန်များက ကြိုးပမ်းနေချိန် ဂါဇာတွင် အစ္စရေးတပ်များ အပြင်း အထန် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဂါဇာမြို့မြောက်ပိုင်းနှင့် တောင်ပိုင်း ရှိ ခန်ယူနစ်မြို့ နေရာအချို့တွင် အစ္စရေး က ဗုံးကြဲမှုများ ဆက်လုပ်နေပြီး စစ်ပွဲ ကာလတလျှောက် အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောသည်။

အောက်တိုဘာ ၇ ရက် က အစ္စရေး တောင်ပိုင်းကို ဝင်တိုက်ခိုက်သည့် ဟားမတ်စ်အဖွဲ့ဝင်များတွင် UNRWA ဝန်ထမ်းများ ပါဝင်သည်ဟု အစ္စရေးက စွပ်စွဲပြီး အချက်အလက်များ ဖော်ထုတ် ပြသလာခြင်းကြောင့် အမေရိကန် အပါအဝင် အဓိကအလှူရှင်နိုင်ငံများက ရန်ပုံငွေထည့်ဝင်ခြင်းကို ရပ်ဆိုင်းထား သည်။

လက်ရှိအချိန်အထိ ဂါဇာဒေသခံ ထက်ဝက်ကျော်သည် UNRWA ၏ ထောက်ပံ့မှုနှင့် ရပ်တည်နေခြင်း ဖြစ်ပြီး ပါလက်စတိုင်းဘက်ကမူ အစ္စရေးက အချက်အလက် အတုများလုပ်ပြီး UNRWA ကို ပျက်စီးအောင်လုပ်နေခြင်းဖြစ်သည် ဟု စွပ်စွဲထားသည်။       

 





(ref: Reuters)






အခြားဆက်စပ်သတင်းများ