နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘားအံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ဘားအံ ဧပြီ ၆ ဧပြီ ၄ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ဘားအံခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ကမ်းကြီးကမ်းလေးကျေးရွာအနီး လမ်းဘေးတွင် မော်တော် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသူ ကျော်ခိုင်သိန်းအား စစ်ဆေးရှာဖွေရာ ယင်းသိုဝှက်သိမ်းထားသည့် အဆိုပါနေရာအနီးရှိ အမှိုက်ကျင်းထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ပြားနှင့် ယင်းထံမှ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ခိုင်သိန်း(၃၉ နှစ်)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူ ဧပြီ ၄ ရက်၊ နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ မှိုင်းလုံးကျေးရွာနေ မစန်းစန်းမြင့် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုချောင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မစန်းစန်းမြင့်(ခ)ဖုမိန်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ (ဆွေဦး)






အခြားဆက်စပ်သတင်းများ