နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းလှမြို့နယ်၌ယာဉ်တိမ်းမှောက်တစ်ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

မင်းလှ ဧပြီ ၆ ဧပြီ ၄ ရက်၊ ညနေ ၆ နာရီ ၄၀မိနစ်အချိန်က မင်းလှမြို့နယ်၊ သစ်တူးအိုင်ကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်း၌ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ အောင်ကိုထွဋ် (၃၄ နှစ်) မောင်းနှင်ပြီး မခိုင်သင်းဦး(၃၁ နှစ်) ပါ ၁၀ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦး)တို့ လိုက်ပါလာသော 9F/---- Suzuki ယာဉ်သည် လားရာတူ အရှေ့မှ မော်တော်ယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိမြောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် မခိုင်သင်းဦးတွင် နောက်စေ့ဖူးရောင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မတင်မာချို(၁၉ နှစ်) ပါ အမျိုးသမီး ၄ ဦး တို့တွင် ဦးခေါင်း၊ နဖူး၊ လက်မောင်းဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ယာဉ်မောင်း အောင်ကိုထွဋ်ပါ ၆ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး)တို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မင်းလှပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ည ၇ နာရီ ၄၅ မိနစ်အချိန် တွင် အောင်ကိုထွဋ်(ဖမ်းမိ)အား မင်းလှမြို့မရဲစခန်းယာဉ်(ပ)၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့်လူသေမှု၊ ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (ဆွေဦး)






အခြားဆက်စပ်သတင်းများ