နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်သန့်ရှင်းသာယာလှပစေရေး

တာမွေမြို့နယ်သန့်ရှင်းသာယာလှပစေရေး ဇန်နဝါရီ ၁ ရက် က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ ဦးဖြင့် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်းဈေးလမ်းတွင် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက် ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြု လုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက် နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ် ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။                                               



ယဉ်မွန်






အခြားဆက်စပ်သတင်းများ