နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အဦဆောက်လုပ်ခွင့်နှင့် ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေးဦးစီးကော်မတီ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၃


ရန်ကုန်မြို့တော်စည် ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခွင့်နှင့်အဆောက် အဦဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီး ကော်မတီ ၁/၂၀၂၄  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ ညနေ ၃ နာရီက မြို့တော် ခန်းမ၊ ပထမထပ်၊အစည်းအဝေး ခန်းမ ၄ တွင် ကျင်းပရာဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ သက်ဆိုင် ရာဌာနမှူးများ၊ဒုတိယဌာနမှူး များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း၊မီးသတ် ဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ ပြည်တွင်း အခွန်ဦးစီးဌာနတို့က တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ အင်ဂျင် နီယာဌာန(အဆောက်အအုံ)က ဆောက်လုပ်ခွင့်နှင့်အဆောက် အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ် (BCC)လျှောက်ထား ခြင်းများနှင့် ပတ်သက်၍ တစ် ပတ်အတွင်း ဆောက်လုပ်ခွင့်   ၇၅ ခုကို ခွင့်ပြုမိန့်ထုတ်ပေး ခဲ့ပြီး အဆောက်အဦဆောက် လုပ်ပြီးစီးကြောင်းလက်မှတ် (BCC)  ၂၃ လုံး ခွင့်ပြုခဲ့ကြောင်း၊  လေးခန်းမှ  ၁၇ ခန်းထိ ဆောက်လုပ်ခွင့်လျှောက်ထား လာသည့် အဆောက်အဦ ၄၂ လုံးစာရင်းကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေး ရှင်း(YESC)သို့ ပေးပို့ထားကြောင်း၊ အဆောက်အဦ ဆောက်လုပ်ခွင့် ပေးနိုင်ရန်အတွက် ထောက်ခံ ချက်များကို ဆက်စပ်ဌာနများ ဖြစ်သည့်                  

မီးသတ်ဦးစီးဌာနသို့ လေး စောင်၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့  ၃၅ စောင်၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနသို့ လေးစောင် ပေးပို့ထားကြောင်း နှင့် အဆောက်အဦ ဆောက်လုပ် ခွင့်နှင့် ဆက်စပ်ဌာနများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

   ဆက်လက်၍ တက်‌ရောက် လာကြသည့် သက်ဆိုင်ရာဌာန များက တစ်ပတ်အတွင်း ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်း အခြေအနေများနှင့်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး‌‌ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေး ရှင်း (YESC)က လျှပ်စစ်မီတာ တပ်ဆင်နိုင်ရေးအတွက် ငွေပေး သွင်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်း ရှင်းလင်းတင်ပြ ရာ ဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီက “လျှပ်စစ်မီတာတပ် ဆင်ခွင့်အတွက် ခွင့်ပြုချက်ရရှိ ပြီးဖြစ်ရာ ဆောက်လုပ်ပြီးစီး သည့် အဆောက်အဦများတွင် လျှပ်စစ်မီတာ အမြန်ဆုံး တပ်ဆင်နိုင်ရေးအတွက်  ဌာန များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရန်၊လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ပြီးစီးလာသည် ကိုတွေ့ရှိရပြီး ယခုလိုအပတ် စဉ်တိုင်း လုပ်ငန်းများ ပြီးစီး နိုင်ရေးအတွက် စဉ်ဆက် မပြတ် ဆက်လက်ဆောင်ရွက် သွားရန်” ပြောကြားပြီး တင်ပြ ချက်များနှင့်ပတ်သက်၍ သက် ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။ 



သတင်း/ဓာတ်ပုံ- မိုးဝေ







အခြားဆက်စပ်သတင်းများ