နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ ဝန်ထမ်းမိသားစု ပျော်ပွဲရွှင်ပွဲများနှင့် ရွေ့လျားဈေးကားရောင်းချပေးနေမှုများ ဒုတိယမြို့တော်ဝန် ကြည့်ရှုအားပေး

ရန်ကုန် ဇန်နဝါရီ  ၃


ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ  ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် အတွင်းရေးမှူးဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်ဌာနမှူး များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်၊ စက်ရုံလမ်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မအူကုန်းစည်ပင် ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ မအူကုန်းအားကစားကွင်း အတွင်း၌ ကျင်းပလျက်ရှိသောရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ၂၀၂၄ ခုနှစ်  ၇၆  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းမိသားစု ပျော်ပွဲရွှင်ပွဲနှင့်အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ဗိုလ်တ ထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်ဝင်းအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းလတ် ဆတ်သော အစားအစာများ စားသုံးနိုင်စေရန်နှင့်စျေးနှုန်း ချိုသာစွာဝယ်ယူအားပေးနိုင်ရန် ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနနှင့်တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနတို့ ပူးပေါင်း၍ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားအုန်းဆီ နှင့် ကြက်ဥများကို စျေးနှုန်း ချိုသာစွာရောင်းချပေးနေမှု၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီး၊ မြေပဒေသာကျွန်း၌ ကျင်းပ သော  ၇၆ နှစ်မြောက်၊ လွတ်လပ် ရေးနေ့အထိမ်းအမှတ် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံ နှင့် ပန်းမန်ပြ ပွဲ၊ ပြိုင်ပွဲသို့ ပြည်သူများ လာ ရောက်လေ့လာနေမှုများကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီ တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မအူကုန်းစည်ပင်ဝန်ထမ်းအိမ် ရာဝင်းအတွင်းရှိ မအူကုန်း အားကစားကွင်း        

အတွင်း၌ ကျင်းပလျက်ရှိသော ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ၂၀၂၄ ခုနှစ် ၇၆ နှစ်မြောက် လွတ် လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းမိသားစု ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင် နေမှုသို့ သွားရောက်၍ ထုပ်ဆီး တိုးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် များအဖြစ် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)နှင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့် ရှင်းရေးဌာန၊ စီမံရေးရာဌာနနှင့် ပန်းဥယျာဉ်နှင့်အားကစားကွင်း များဌာနတို့၏ ယှဉ်ပြိုင်နေမှု၊ မိုးလုံလေလုံအားကစားခန်းမ၌ ဖူဆယ်အားကစားပြိုင်ပွဲ တတိယနေရာလု ပွဲစဉ်အဖြစ် အင်ဂျင်နီယာဌာန(ရေနှင့်သန့် ရှင်းမှု)နှင့်စီမံရေးရာဌာနတို့၏ ယှဉ်ပြိုင်ကစားနေမှုတို့ကို ကြည့်ရှုအားပေးသည်။ ထုပ်ဆီး တိုးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနနှင့်စီမံ ရေးရာဌာနတို့က အနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်ကြ သည်။ ဖူဆယ်အားကစားပြိုင်ပွဲ တတိယနေရာလု ပွဲစဉ်တွင် အင်ဂျင်နီယာဌာန (ရေနှင့်သန့် ရှင်းမှု) က အနိုင်ရရှိပြီး တတိယ ဆုကို ဆွတ်ခူးရရှိသည်။

ထို့နောက် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင် မြို့နယ်၊ ကုန်သည်လမ်း၊ အမျိုး သားစီမံခန့်ခွဲမှုပညာဒီဂရီကော လိပ်ဝင်းအတွင်းဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူ များ သန့်ရှင်းလတ်ဆတ်သော အစားအစာများ စားသုံးနိုင်စေ ရန်နှင့်စျေးနှုန်းချိုသာစွာဝယ် ယူနိုင်ရန် ဈေးများနှင့် ကုန်စည် ပွဲရုံများဌာနနှင့်တိရစ္ဆာန်ဆေး ကုနှင့်ထုတ်လုပ်ရေးဌာနတို့ ပူး‌ပေါင်း၍ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားအုန်းဆီနှင့် ကြက်ဥများကို စျေးနှုန်းချိုသာစွာရောင်းချပေး နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒုတိယမြို့တော်ဝန် က ဈေးနှုန်းချိုသာစွာဖြင့်စား သောက်ကုန်ပစ္စည်းများသန့်ရှင်း လတ်ဆတ်စွာ ဝယ်ယူစားသုံးနိုင် စေရန် စဉ်ဆက်မပြတ်ဆောင် ရွက်သွားရေးကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယနေ့ ဈေးရောင်းချပေးရာတွင် ကြက် သားတစ်ပိဿာလျှင် ၇,၅၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ်၊ ငါးမြစ်ခြင်း တစ်ပိဿာလျှင် ၆,၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၁,၁၅၀၀ ကျပ်၊ စားအုန်းဆီ တစ် ပိဿာလျှင် ၅,၂၀၀ ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ၂၀၀ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိ သည်။

ဆက်လက်၍ ဒုတိယမြို့ တော်ဝန်နှင့်အဖွဲ့သည် ဗဟန်း မြို့နယ်၊ ကန်တော်ကြီး၊ မြေ ပဒေသာကျွန်း၌ ကျင်းပသော ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင် ပွဲသို့ သွားရောက်၍ ဖွင့်လှစ်ပြသ လျက်ရှိသော ပြခန်းများအား ပြည်သူများလာ‌ရောက်လေ့လာ မှုကို ကြည့်ရှုအားပေးသည်။ 

၇၆ နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဖလား ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်း မန်ပြပွဲ၊ ပြိုင်ပွဲတွင်ပြည်သူများ အပန်း‌ဖြေ အနားယူနိုင်ရန်၊ ဗဟုသုတရှာမှီး လေ့လာနိုင်ရန် နှင့် တစ်နိုင်တစ်ပိုင် ပန်းအလှ စိုက်ပျိုးနိုင်စေရန်အတွက် ပြခန်းစုစုပေါင်း ၃၃ ခန်းအပြင် ပန်းအရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများပါ ဖွင့်လှစ်ထားရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ  ၇ ရက် အထိ နေ့စဉ်နံနက် ၈နာရီမှ ည ၈ နာရီအတွင်း မည်သူမဆို လာရောက်လေ့လာ ဝယ်ယူ အားပေး၍ အပန်းဖြေအနားယူ နိုင်ရန် စီစဉ်ထားသည်။                 




သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ