နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ ကြည့်ရူစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၃


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များသည် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်ဖွံ့ ဖြိုးတိုးတက်မှုအခြေအနေများ ကို လိုက်လံကြည့်ရှု စစ်ဆေး ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထူးဇုန်ရှိတိုင်းဒေသကြီးစည် ပင်သာယာရေးအဖွဲ့ ဟင်းသီး ဟင်းရွက်လက်ကားဈေးတွင် ဈေးသည်များ၏ ဈေးရောင်းချ နေမှု၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကို လို အပ်သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Pacific Global Myanmar Co.Ltd  ဧက ၇၀ စိုက်ကွင်း စီမံ ကိန်းဧရိယာအတွင်း ကြက်သွန်နီ သီးနှံ စိုက်ပျိုးထားရှိမှုနှင့် ကြက်သွန်နီမျိုးစေ့ပျိုးထောင် ထားရှိမှုကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှုများနှင့်အစေ့ထုတ်ပြောင်းဆက်လက်စိုက်ပျိုးမည့်အစီအစဉ်များကိုရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းခွင် ကို လည်းကောင်း၊ အမှတ် ၄ လမ်းဆုံတွင်လမ်းသားတိုးချဲ့၍ကတ္တရာထပ်ပိုးလွှာခင်းမည့်နေရာကိုလည်းကောင်း ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော် တို့က လုပ်ငန်းကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြချက် နှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်၊ မဟာတေဇမုနိစေတီတော်သို့ရောက်ရှိပြီး စေတီတော်ဝင်းအတွင်း၂၀၂၀ ပြည့်နှစ်က လှိုင်မြစ်ရေတိုက် စားမှုကြောင့် မြစ်ကမ်းပါးပြို ကျခဲ့သည့်နေရာကို ကြည့်ရှု စစ်ဆေးကာ ပြန်လည်ပြုပြင် နိုင်ရေး ကြိုတင်တိုင်းတာထားရန်နှင့်လိုအပ်သည်များမှာကြား သည်။

 



 ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ