နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုအယက်ဝယ်ယူမှုများရှိလာ၍ သြစတြေးလျစူပါမားကတ်များတွင် ရေအိမ်သုံးစက္ကူကို အကန့်အသတ်ဖြင့်သာ ရောင်းချ

ဆစ်ဒနီ    ဇွန်   ၂၇

အလုအယက်ဝယ်ယူမှုများ တစ်ကျော့ပြန် ဖြစ်ပွားလာခြင်းကြောင့် သြစတြေးလျနိုင်ငံမှ စူပါမားကတ်များတွင် ရေအိမ်သုံးစက္ကူကို အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ပြုထားသည်။ ပြီးခဲ့သည့်သောကြာနေ့တွင် Coles စူပါမားကတ်က နိုင်ငံတစ်ဝန်းရှိ ဆိုင်ခွဲများတွင် ရေအိမ်သုံးစက္ကူလိပ် တစ်ထုပ်သာ ဝယ်ယူခွင့်ပေးခဲ့ပြီး Woolworths ဆိုင်များတွင် ရေအိမ်သုံးစက္ကူနှစ်လိပ်သာ အများဆုံးဝယ်ယူခွင့်ပေးခဲ့သည်။ ဗစ်တိုးရီးယား ပြည်နယ်တွင် COVID-19 ရောဂါကူးစက်မှု မြင့်တက်ခဲ့ပြီးနောက် အလုအယက်ဝယ်ယူမှုများ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ပြည်သူများအနေဖြင့် အလုအယက်ဝယ်ယူစရာ အကြောင်းမရှိဟု သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောသည်။ ပြီးခဲ့သည့်မတ်လကလည်း သြစတြေးလျနိုင်ငံတွင် အလုအယက်ဝယ်ယူမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူရန် သတ်မှတ်ခဲ့ဖူးသည်။ ဆစ်ဒနီမြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် အိမ်သာသုံးစက္ကူ လုဝယ်ရာမှာ ဈေးဝယ်သူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းကြောင့် ရဲခေါ်ခဲ့ရဖူးသည်။                         

(KNT)






အခြားဆက်စပ်သတင်းများ