နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Tencent ကုမ္ပဏီက Pokemon Unite ဂိမ်းအား ဖန်တီး

ဇွန်   ၂၇

Pokemonဂိမ်း၏ နောက်ဆုံးဂိမ်းအဖြစ် Pokemon Unite ကိုTencent၏ TiMi Studios က ဖန်တီးလာ ပြီဖြစ်သည်။ Pokemon Unite က Strategy အခြေပြု MOBA ဂိမ်းအမျိုးအစားဖြစ်သည်။

အဆိုပါ ဂိမ်းကနာမည်ကြီးဂိမ်းများဖြစ်ကြသည့် Mobile Legends ၊ DOTA 2 နှင့် League of Legends တို့ကဲ့သို့ ဂိမ်းမျိုးဖြစ်ကာလမ်းသုံးလမ်းပါဝင်ပြီးတစ်ဖက်လျှင် ကစားသမား ၅ ဦးယှဉ်ပြိုင်ကစားရမည့် ဂိမ်းဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ Pokemon Unite ဂိမ်းကို Play Store တွင် တင်မည့်ရက်ကိုမသိရှိရသေးပေ။

Pokemon Unite ကိုအခမဲ့ ဒေါင်းလော့ခ်ရယူကစားနိုင်မည်ဖြစ်သည်။ အဆိုပါဂိမ်းကိုမိုဘိုင်းဖုန်းဖြင့်သာမက Nintendo Switch ဖြင့်လည်းချိတ်ဆက်ကစားနိုင်အောင် ပြုလုပ်ထားသည်။

Pokemon Unite ကိုဖန်တီးသည့် TiMi Studios ကလက်ရှိဂိမ်းလောကမှာအောင်မြင်နေသည့် Honor Of Kings ၊ Call of Duty : Mobile စသည့် ဂိမ်းများကိုဖန်တီးထားသည့် ကုမ္ပဏီဖြစ်သည်။                        

(သူရိန်)






အခြားဆက်စပ်သတင်းများ