နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်ရောဂါ ထိန်းချူပ်ရေး

ကလေးသုံးယောက်လျှင် တစ်ယောက်မှာအဝလွန်တတ်ပြီး ယင်းသို့အဝလွန်မှုမြင့်တက်လာခြင်းကို အသက် ၁၀ နှစ်အောက် တွင် ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုကဆိုထားသည်။ ကျန်းမာရေးဌာနက အဝလွန်မှုနှင့်ဆက်စပ်၍ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ ကင်ဆာရောဂါအချို့နှင့်မြုံခြင်းကဲ့သို့  များပြားသော        ကျန်းမာရေးပြဿနာများနှင့်ဆက်နွှယ်မှုရှိကြောင်း ထုတ်ပြန်ထား သည်။


သုတေသနပညာရှင်များက အများအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ်ရှိသူများသည် အဝလွန်မှုမြင့်တက်လျက်ရှိသည်ဟု ဆိုသည်။

 ကလေးအများစုသည် မွေးစတွင်အဝလွန်ခြင်းမဖြစ်ဘဲ မူလတန်းပြီးဆုံးချိန်တွင် အဝလွန်ခြင်းမှာစိတ်ပျက်စရာကောင်း ကြောင်း၊ အသက်ငယ်ရွယ်သောအုပ်စုတွင် အဝလွန်မှုမဖြစ်ပေါ် စေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ကျွမ်းကျင်သူတို့က ထုတ်ပြန်ထားသည်။


ကျန်းမာကြံ့ခိုင်သောဘဝများကိုပိုင်ဆိုင်ရန် တက်ကြွလှုပ်ရှား ပြီး ကယ်လိုရီလျှော့ချရေးကို ဦးတည်ဆောင်ရွက်သင့်သည်။ ယနေ့ ကာလတွင် လူငယ်၊ လူရွယ်များသည် လူမှုကွန်ရက်များကို စွဲလမ်းစွာ သုံးစွဲနေကြသကဲ့သို့၊ ပညာရေးနှင့်ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက် နိုင်ကြသည်ကို တွေ့ရသည်။


အဝလွန်ခြင်းသို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ်အလေး ချိန်မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ လေဖြတ်ခြင်းစသည့်  နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေနိုင် သဖြင့် လမ်းလျှောက်ခြင်းဖြင့် အဝလွန်မှုကိုလျှော့ချသင့်သည်။


လူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာသည့်အခါ လမ်းများများလျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက် ပေးခြင်းဖြင့် စိတ်ဖိစီးမှုပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်တိုးပွားလာစေသည်။

 ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အဝလွန် မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ်ပွားမှု များပြားနေသော ကျန်းမာရေးပြဿနာများကို ထိန်းထားနိုင်သည်။ သို့ဖြစ်ရာ လောက၌အသက်ရှည်ရာ အနာမဲ့ကြောင်းနည်းလမ်း ကောင်းများကို အသိပညာရှာဖွေလိုက်နာဆောင်ရွက်ဂရုပြုစေ ချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ