နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး

အကြမ်းဖက်စေခိုင်းမှုသည် ကျေးကျွန်စနစ်သာဖြစ်သည်။ ယင်းသည် လူ့ဘဝအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟုဆိုနိုင် သော်လည်း မျက်မှောက်ကာလတွင် မရှိအပ်သောစနစ်ဖြစ်သည်။

ယခုအခါ ကျေးကျွန်ခေတ်မဟုတ်သော်လည်း ကျေးကျွန်      ကဲ့သို့ပြုမှုဆက်ဆံထိတွေ့မှုများရှိနေသည်ကို တွေ့ရသည်။ ယင်း တို့မှာ အိမ်အကူကဲ့သို့အလုပ်၊ လူ့ခန္ဓာကိုယ်နှင့်ရင်းနှီးရသော အလုပ်များ၊ ကလေးလုပ်သားများဖြစ်ကြသည်။ ထိုအလုပ်အကိုင် များမှာ နိုင်ငံတိုင်းတွင်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။


လူအဖွဲ့အစည်းတိုင်းတွင် မိမိလုပ်ငန်းအကျိုးစီးပွားအတွက် လုပ်ကိုင်မှုများဖြစ်သော်လည်း အလုပ်လုပ်နိုင်ခွင့်အတိုင်းအတာ၊ အလုပ်သမားအကျိုးခံစားခွင့်များ ထိခိုက်မှုမရှိစေရေး သတိပြုကြ ရမည်ဖြစ်သည်။

 တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့်ကလေးသူငယ်နှစ်သန်း ကျော်မှာ အတင်းအဓမ္မခိုင်းစေသည့်အလုပ်များထဲတွင် ကျင်လည် နေရသည်ဟု နိုင်ငံတကာအလုပ်အကိုင်အခြေအနေသုံးသပ်ချက် အရသိရသည်။


 အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် မိမိတို့နိုင်ငံ တွင်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိနေသည်။ အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်းသည်ပြစ်မှုကျူးလွန်ခြင်းဖြစ်သကဲ့သို့ လူအခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်။ အကြမ်းဖက်မှုကျူးလွန် ခံရသူကိုသာမက ၎င်းတို့၏မိသားစုအပေါ်တွင်လည်းကောင်း၊ လူအဖွဲ့အစည်းပေါ်တွင်လည်းကောင်း ဆိုးရွားသည့်အကျိုးသက် ရောက်မှုများကိုဖြစ်ပေါ်စေသည်။

 ထိုအပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံသစ်အဖြစ် အင်တာနက်အွန်လိုင်းအခြေပြု အကြမ်းဖက်မှုများလည်း ပေါ် ပေါက်လာသည်။


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်‌ရေး ဆောင်ရွက် ရာတွင်ကဏ္ဍာစုံမှရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ပြုလုပ်ခြင်း ဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အထောက်အပံ့ဖြစ်စေသည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့်လူမှုရေးအဖွဲ့အစည်းများက တစ်ဦးချင်း ဖြစ်စေ  ပူးပေါင်းပါဝင်ဆောင်ရွက်ရန်တိုက်တွန်းနှိုးဆော်ရ ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ