နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကျန်းမာရေးနှင့်အာဟာရဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေး

မျက်မှောက်ကာလ၌ လူမှုဘဝဝန်းကျင်ရှိ အချို့အချို့ငယ်ရွယ် သူတို့ကိုကြည့်လျှင် ခန္ဓာကိုယ်သေးကွေးပါးလျားနေသည်ကို တွေ့ ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ်လွန်သူများ ပြုပြင်ရန်ခက်ခဲသည်။ ငယ်ရွယ်စဉ်ဘဝမှာပင် မိမိကိုယ်ခန္ဓာဖွံ့ဖြိုး ရေးကို အလေးဂရုပြုကြရမည်ဖြစ်သည်။


 ယ‌နေ့လူငယ်လူရွယ်များမှာ ပညာရေးနှင့်ကျန်းမာကြံ့ခိုင်ရေး ကို ဂရုမစိုက် အခြားအပိုချိန်များတွင် ကုန်လွန်လျက်ရှိသည်။ အာဟာရ ဓာတ်မပြည့်ဝသဖြင့် မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့နှုန်းများနေ သည်။

မြန်မာနိုင်ငံတွင်အဖြစ်များသော အာဟာရပြဿနာများမှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊  သံဓာတ်ချို့တဲ့သွေးအားနည်း ရောဂါ၊ ဗီတာမင်ချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ၊ ဗီတာမင် ဘီဝမ်းချို့တဲ့ (ဘယ်ရီဘယ်ရီ) ရောဂါတို့ဖြစ်ကြသည်။


 အာဟာရချို့တဲ့ခြင်း၏ အဓိကအကြောင်းအရင်းများမှာ အာဟာရပြည့်ဝသော အစားအစာများကို မစားသုံးရခြင်း၊ မစားသုံး နိုင်ခြင်း၊ ရွေးချယ်မစားသုံးတတ်ခြင်းနှင့်ကျန်းမာမှုအားနည်းခြင်း တို့ကြောင့်ဖြစ်ပြီး၊ အာဟာရချိုတဲ့မှုကို သင့်တင်မျှတပြီး အာဟာရ ပြည့်ဝသည့် အစားအစာများကိုစားသုံးခြင်းဖြင့် ကာကွယ်နိုင် သည်။

 ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ်နိုင်ရန် မိမိဒေသထွက် အာဟာရအုပ်စုသုံးစုတွင်ပါဝင်သည့် အစားအစာ များကို စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။


 ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာနသည် မွေးကင်းစမှသက်ကြီးရွယ်အိုများအထိ ကျန်းမာရေးလုပ်ငန်းများ အား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေး အဆင့်မြှင့်တင် ကျန်းမာရေးလုပ်ငန်းစဉ်များကို နှီးနွှယ်ဌာနများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ မြို့နယ်များတွင် ဆောင်ရွက် လျက်ရှိသည်။

ကျောင်းများတွင်‌ ကျောင်းသား၊ ကျောင်းသူများ အဟာရဖွံ့ဖြိုး ရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး၊  မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး၊ အပျိုဖော်ဝင်အရွယ်မိန်ကလေး ကျန်းမာရေးလုပ်ငန်း များကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ သည်။


သတ္တဝါမှန်သမျှသည် အာဟာရပေါ်တွင်တည်မှီသည်။ အာဟာရ ကင်း၍ အသက်ရှင်နိုင်ခြင်းမရှိပေ၊ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေး အသိပညာပေး လျက်ရှိရာ မိမိ၏မိသားစုအသိုင်းအဝိုင်းများက အာဟာရမျှတစွာ စားသုံးခြင်းဖြင့် အထူးဂရုပြုဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ