နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်၊ ငှက်တုပ်ကွေး​ရောဂါ ကြိုတင်ကာကွယ်

မြန်မာနိုင်ငံရှိ ပြည်သူတို့၏သဘော၊ သဘာဝနှင့်အနေအထား များအရ ပြည်သူတို့နေ့စဉ်စားသုံးနေသော အစားအစာများကို ပြည်သူတို့ကိုယ်တိုင် အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စားသုံး ကြရမည်သာဖြစ်သည်။ ရှေးလူကြီးတို့၏ ဆိုရိုးစကားဖြစ်သည့် အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဟူသည့် ဆုံးမ စကားရှိခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့၏နေ့စဉ် စားသုံးမှုဘဝ လူမှုဆောင်တာများတွင် ခေတ်မီစနစ်ကျနမှုများ လိုအပ်နေဆဲဖြစ်သည်။ မျက်မှောက်ကာလတွင် သတိပြုရမည့် အချက်များမှာ ဇီဝအန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင် ပါဝင်သည့် ပိုးမွှားအဆိပ်အန္တရာယ်ဖြစ်သည်။

 လက်တွေ့ဘဝတွင် လူတို့အနေဖြင့် အလွယ်အကူနှင့်သက်သာ မှုကို ရှာဖွေရယူစားသောက်တတ်မှုကြောင့် မဖြစ်သင့်မဖြစ်ထိုက် သည့် ဘေးထွက်ဆိုးကျိုးများ လူတို့တွင်ရရှိခံစားနေကြရသည်မှာ လည်း အမှန်ပင်ဖြစ်သည်။

 ဂျာမနီနိုင်ငံရှိ မွေးမြူရေးခြံကြီးသုံးခု၌ ကူးစက်မှုအလွန်လျင် မြန်သည့်   H 5 N1  ဗိုင်းရပ်စ်ကူးစက်မှုကိုတွေ့ရပြီး ထောင်နှင့်ချီသည့် တိရစ္ဆာန်များကို ရှင်းလင်းသုတ်သင်မှုများပြုလုပ်ခဲ့ရသည်ဟု ဒေသခံအာဏာပိုင်များကပြောသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

 ကြက်ဆင်မွေးမြူရေးခြံ၌ အထိအခိုက်အများဆုံးဖြစ်ကာ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကြက်၊ ငှက်တုပ်ကွေးဖြစ်ပွား ခြင်းဖြစ်သည်။ မတ်လအတွင်း ပထမအကြိမ် ကြက်၊ ငှက်၊ တုပ်ကွေး ဖြစ်ပွားခဲ့ပြီး တိရစ္ဆာန် ၁၇၀၀၀ ကို ရှင်းလင်းခဲ့ရသည်ဟုဆိုသည်။

လတ်တလောသုတေသနများအရ အဆိုပါဗိုင်းရပ်စ်က လူသား များတွင်  ကူးစက်မှုများဖြစ်နိုင်ခြေမရှိသေးချေ။ ၂၀၂၁ ခုနှစ် အောက်တိုဘာ နှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာအတွင်း ငှက်ပေါင်း သန်း ၅၀ ကို သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဥရောပသမဂ္ဂအာဏာ ပိုင်များအဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသို့ ကြက်၊ ငှက်တုပ်ကွေးရောဂါကူးစက်မလာစေ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်းခိုငှက်များနှင့် အိမ် မွေး ကြက်၊ ငှက်၊ ဘဲ၊ ငုံးများ ဆက်စပ်ထိတွေ့မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ရန်၊ ကြက်၊ ငှက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်တို့လိုအပ်သည်။

 ကြက်၊  ငှက်တုပ်ကွေး‌ရောဂါကြိုတင်ကာကွယ်ရေးနှင့်ရောဂါ စူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ