နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇင်ဘာဘွေတွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှု မြင့်တက်

ဟာရာရေး၊နိုဝင်ဘာ ၂၆

ဇင်ဘာဘွေနိုင်ငံတွင် ယခုရက် သတ္တပတ်အတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှု  တိုးမြင့်လာပြီး အစိုးရသည် ရောဂါဘေးသင့်ဒေသအားလုံးတွင်   လူစုလူဝေး  စုရုံးခြင်းနှင့်  အစား အသောက်ရောင်းချခြင်းများကို စတင် တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိနိုင်ငံအတွင်း  ကာလဝမ်းရောဂါ နှင့် ဆက်နွှယ်နေ သည့် သေဆုံးသူ ၁၅၅ ဦး ရှိပြီး ရောဂါ ဖြစ်ပွားသူ  ၈,၇၈ ဦး ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက  အတည်ပြုသည်။

ယခုရက်သတ္တပတ်ကစ၍အာဏာ ပိုင်များသည်   ဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် အမြင့်ဆုံးဖြစ်နေသည့်  မြို့တော်ဟာရာရေးတွင်  အရေးပေါ် အခြေအနေ ကြေညာထားသည်။

ကာလဝမ်းရောဂါကြောင့် သဆုံးသူ အများစုသည်  မြို့တော် ဟာရာရေး၏ ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင် သူများဖြစ်ပြီး  ရေသန့်မရရှိမှု၊သိမ်း  ဆည်းထားခြင်းမရှိသည့်  အမှိုက် များနှင့်  လမ်းများပေါ်တွင် မိလ္လာ အညစ်အကြေးများ စီးဆင်းနေမှုစသည် တို့ကြောင့် ဖြစ်ကြောင်းအာဏာပိုင် များကဆိုသည်။

လက်ရှိတွင် ဟာရာရေးမြို့၏မြူနီ စပယ် အာဏာပိုင်များသည် ဝမ်းပျက် ဝမ်း လျှောရောဂါတိုက်ဖျက်ရေးကြိုး ပမ်း မှု တစ်စိတ်တပိုင်းအဖြစ် မြို့တွင်း   နေထိုင် သူများထံ ရေသန့်စင်ဆေးပြား များ ဖြန့်ဝေပေးလျက်ရှိသည်။

          (ref: AFP)






အခြားဆက်စပ်သတင်းများ