ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူများ သွားလာသည့်နေရာများတွင် ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာ၊ ရှမ်းချောင်းစျေး၌ စျေးများနှင့် ကုန်စည်ပွဲရုံများဌာနက ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဈေးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဈေးရှိရေကန်များအတွင်း အဘိတ်ဆေး ခတ်ခြင်း ၊ ဖုံးသွန်လဲစစ်လုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်း၊ခွင့်မပြုဆိုးဆေးများရောင်းချခြင်းရှိ/မရှိ၊ ဈေးအတွင်းရောင်းချသော သားစိမ်း၊ ငါးစိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ကြစဉ်။ မိုးမြင့်မောင်