နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မွေးတိရစ္ဆာန်နှင့် ဗိုင်းရပ်စ်အန္တရာယ် လျော့ပါးရေး၊ ပူးပေါင်းဆောင်ရွက်

တိုးတက်လာသော  လူနေမှုစနစ်နှင့်အညီနေအိမ်များ၌အိမ်မွေးတိရစ္ဆာန်များမွေးမြူလာကြသည်။ အများဆုံးမွေးမြူလာကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့်ကျေးငှက်တို့ဖြစ်ကြသည်။ ထိုအိမ် မွေးတိရစ္ဆာန်များသည် လူနှင့်အနီးကပ်ဆုံးသတ္တဝါများဖြစ်ကြသဖြင့် စနစ်တကျမွေးမြူတတ်ကြရန် အရေးကြီးသည်။ တိရစ္ဆာန်တို့တွင် ဗိုင်းရပ်စ်ပိုးများ လူကိုကူးစက်ခံရပါက လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည်။

ခွေးရူးရောဂါသည် လူအပါအဝင်သွေးနွေးသတ္တဝါများတွင် ဦးနှောက်ရောင်ရမ်းစေသော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။  ခွေးရူး ရောဂါပိုးကို ရောဂါဖြစ်နေသည့်သတ္တဝါ၏သွားရည်၊ ဦးနှောက်နှင့် အာရုံ ကြောတစ်သျူးများတွင်တွေ့ရသည်။ ခွေးရူးရောဂါသည် ခွေးများ တွင်သာမက ကြောင်များတွင်လည်း ဖြစ်ပွားတတ်ကြောင်း သိရ သည်။

ရောဂါဖြစ်နေသည့်  တိရစ္ဆာန်အကိုက်ခံရခြင်းကြောင့်သော် လည်းကောင်း၊ သွားရည်ကို အနာ၊ ပွန်းပဲ့ဒဏ်ရာရှိနေသည့်သတ္တဝါမှ ထိတွေ့ကိုင်တွယ်မိခြင်းကြောင့်သော်လည်းကောင်း၊ ကူးစက်ပျံ့နှံ့နိုင် သည်။ ယင်းဗိုင်းရပ်စ်များလူ၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိသွားပါက အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။

 အိမ်မွေးတိရစ္ဆာန်မွေးမြူမည်ဆိုပါက အိမ်မွေးတိရစ္ဆာန်များကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့်ပြသပြီး ခွေးရှုးပြန်ရောဂါကာကွယ် ဆေးနှင့်အခြားရောဂါကာကွယ်ဆေးထိုးနှံပေးရန် အရေးကြီးသည်။

 မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များ  သိသိသာသာတိုးပွားလာ မှုကြောင့် ခွေးရူးပြန်ရောဂါအန္တရာယ်နှင့်ကြုံတွေ့နေကြရသည်။ ခွေးရူးရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်၊ ကျေးရွာအုပ်စု အသီးသီးရှိ ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံ့ပေးခြင်းလုပ်ငန်းကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ခွေးရူးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရန်အတွက်  အမျိုးသားစီမံကိန်း ၂၀၁၈-၂၀၃၀ ရေးဆွဲထားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများကို ကြိုတင်ကာကွယ်ဆေးများထိုးနှံ ပေးခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူဆောင် ရွက်လျက်ရှိသည်။

 လူကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေး ကို စုပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်သည်။ သို့ဖြစ်ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ကျရောက်သည့် ၁၇ နှစ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော "တစ်ဦး ကျန်းမာအားလုံးအတွက် ပန်းတိုင်တစ်ချက်" ဆိုသည့်အတိုင်း အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပြီးမှ မွေးမြူရန်လိုအပ် ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ