နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထူးချွန်ဆရာများ ပေါ်ထွန်းလာရေးအလေးပေး

မြန်မာ့လူ့ဘောင်လောကတွင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာကိုအခြေခံပြီး   မွန်မြတ်သည့်ပြုစုပျိုးထောင်ရေးလုပ်ငန်း  တာဝန်များကို ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများအား ရိုသေလေးစားတန်ဖိုးထားကြသည်။

ယနေ့လူငယ်လူရွယ်များသည် အနာဂတ်ကိုတည်ဆောက်ကြ ရမည့်သားကောင်းရတနာများဖြစ်ကြရာ ဆရာ၊ ဆရာမများကို ကောင်းမွန်စွာပြုစုပျိုးထောင် စောင့်ရှောက်နိုင်မှုသည် အဓိကအကြာင်း တစ်ရပ်ဖြစ်သည်။

 မိဘများသည် မိမိတို့၏သားသမီးများအား ထူးချွန်၊ထက်မြက်၊ လိမ္မာယဉ်ကျေးရေးအတွက် ဆရာများထံအပ်နှံကာ ပညာရပ် အသီးသီးကို သင်ကြားစေသည်။ ကံ့တူလက်လှည့်ဆရာများ၏ သင်ကြားပို့ချမှုကြောင့် တိုးတက်မှုများကိုဖြစ်ပေါ်စေခဲ့သည်။

 ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအကျဆုံး ဖြစ်သည့် လူသားအရင်းအမြစ်များ ပျိုးထောင်ရာတွင် ပဓာနကျ သည့် ဆရာများ၏ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့်ဂုဏ်ကျေးဇူးတို့ ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန် အနာဂတ်ကာလတွင် လူ့ဘောင်အဖွဲ့ အစည်းကြီးက လိုလားအပ်သော သားကောင်းရတနာများပေါ်ထွက် လာရေး၊ ထူးချွန်နှံ့စပ်သည့် ဆရာကောင်း၊ ဆရာမြတ်များ ကမ္ဘာ အနှံ့ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ နိုင်ငံတကာအလုပ် သမားအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့က "ကမ္ဘာ့ ဆရာများ နေ့" ကို အသိအမှတ်ပြုထားသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်အခမ်းအနားကို နေပြည်တော်တွင် ခမ်းနားစွာကျင်းပမည် ဖြစ်သည်။ အလားတူ ဆရာကောင်း၊ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး ကို မမေ့မလျော့မပေါ့သော အသိဖြင့် အာစရိယပူဇော်ပွဲများကို ကျင်းပလျက်ရှိသည်။

ဆရာ၊ ဆရာမများသည် ပညာသင်ကြားပေးသည်သာမက စိတ်ဓာတ်၊ စည်းကမ်း၊ စံပြဖြစ်ရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ သားကောင်းသမီးမွန်ဖြစ်လာရေးတို့ကို ပြုစုပျိုးထောင်ပေးလျက်ရှိ ရာ ဖြူစင်၊ သန့်ရှင်း၊ မွန်မြတ်လှသည့် မေတ္တာ၊ကရုဏာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော ကြန်အင်လက္ခဏာများရှိသည့် မြတ်ဆရာတို့အပေါ်   အစဉ်လေးစားဂါဝရပြုလျက်ရှိစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ