နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Omni Focus မှလစာစနစ်ဖျက်သိမ်းပြီး ရာခိုင်နှုန်းစနစ်ပြောင်းလဲ

ရန်ကုန် ဧပြီ ၆ COVID-19 ကြောင့် ယာဉ်လိုင်းဝင်ငွေထိခိုက်မှုရှိသည့်အတွက် ယာဉ်မောင်းများကို လစာစနစ်ဖျက်သိမ်းပြီး ရာခိုင်နှုန်းစနစ်ဖြင့် ဧပြီလ ၁ရက်မှစ၍ ပြောင်းလဲခဲ့ကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။ “အလုပ်နေရာပြန်ပေးမှာပေါ့။ အခုလည်းလာမောင်းလို့ရပါတယ်။ ဒီနေ့လည်း ကားတွေထွက်ပါတယ်။ ကျွန်တော်တို့က လစာစနစ်ကိုဖျက်ပြီးတော့မှ ရာခိုင်နှုန်းစနစ်ကိုပြောင်းလိုက်တာပဲရှိတယ်။ လစာပေးတဲ့ စနစ်ကို ရပ်နားလိုက်တာ။ အတူတူပဲ။ ဘာမှမကွာဘူး။ ကိုယ့်ရဲ့အစီအမံနဲ့သွားရတာပဲလေ။ ယာဉ်မောင်း တွေ မနစ်နာအောင်တော့ နစ်နာကြေးတွေပေးပါတယ်။ နို့တစ်ကြေးတွေပေးပါတယ်။ သူ့လုပ်သက်အလိုက် အခြေခံလစာပေါ်မူတည်ပြီး တွက်ချက်ပေးပါတယ်။ အကုန်လုံးထုတ်ပေးသွားမှာပါ။ အခုလည်းလာမောင်းလို့ ရပါတယ်”ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။ Omni Focus ကုမ္ပဏီလက်အောက်တွင် ယာဉ်မောင်း ၃၀ဝ၀ဝ ဝန်းကျင်ရှိပြီး ခရီးသည်စီးနင်းမှုနည်းပါးခြင်း ကြောင့် ၂၄ နာရီယာဉ်လိုင်းဝန်ဆောင်မှုကို ယာယီရပ်နားထားပြီး ဝင်ငွေမှာလည်း ၇၀ ရာခိုင်နှုန်းလျော့ကျ သွားသည့်အတွက် ယင်းသို့ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ကြောင့် လူသေဆုံးမှုရှိလာသည့်အတွက် ယာဉ်မောင်းများကို မိမိတို့ဆန္ဒရှိမှသာ လာရောက်တာဝန်ထမ်းဆောင်ရန် ဧပြီလ တစ်ရက်တွင်တရားဝင်ကြေညာခဲ့ပြီး စာရင်းအရ ယာဉ်မောင်း ၃၀ဝ နီးပါးရှိကြောင်း သိရသည်။ ရန်ကုန်မြို့ခရီးသည်ဝန်ဆောင်မှုကိုပေးနေသည့် Omni Focus ကုမ္ပဏီလီမိတက်၏စီမံခန့်ခွဲမှု လက်အောက် တွင် YBS ယာဉ်လိုင်းအမှတ် ၅၆၊ ၈၃ ၊ ၉၉၊ ၂၀ နှင့် အထူးယာဉ်လိုင်းတို့ကို ယာဉ်အစီးရေ ၄၀ဝ ခန့်ဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ