နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရန်ကင်းမြို့မစျေးအတွင်းစျေးများ နှင့် ကုန်စည်ပွဲရုံများဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍ ဈေးအတွင်းသွေးလွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ကြစဉ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည်အများပြည်သူနေရာများတွင် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ၂၅ ရက်က ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရန်ကင်းမြို့မစျေးအတွင်းစျေးများ   နှင့် ကုန်စည်ပွဲရုံများဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍ ဈေးအတွင်းသွေးလွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေး ဈေးရှိရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) များဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ ဈေးအတွင်းရောင်းချသောသားစိမ်း၊ ငါးစိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များသန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ခွင့်မပြုဆိုးဆေးနှင့် ဖော်မလင်များသုံးစွဲခြင်းရှိ/မရှိ၊ စစ်ဆေးခြင်းများ ဆောင်ရွက်ကြစဉ်။                                                                                                                                                       

ယဉ်မွန်






အခြားဆက်စပ်သတင်းများ