နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်

ယနေ့ကာလတွင်  နိုင်ငံတော်အစိုးရမှ ခရီးသွားလုပ်ငန်းကို ဦးစားပေးစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေး လမ်းပြမြေပုံ ၂၀၂၀-၂၀၂၅ ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ ပြီး၊ ခရီးသွားလုပ်ငန်းကဏ္ဍရှိ     MSMEs        များကို ပံ့ပိုးပေးရေး၊ လူစွမ်း အားအရင်းအမြစ် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေ အနေသစ်နှင့်ကိုက်ညီသော လုပ်ငန်းကျွမ်းကျင်မှုများနှင့် အသိပညာ ရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီဆန်းသစ်ခရီးသွားလုပ်ငန်း ဂေဟ စနစ်နှင့်ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတည်ဆောက်ရေး   တို့ကို မူဝါဒချမှတ်ထားသည်။

ခရီးသွားလုပ်ငန်းများတွင် မပျက်မယွင်းသော တော၊ တောင်၊ ‌ရေ၊ မြေသဘာဝအလှများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အစဉ်အလာ ကြီးမားသောသမိုင်းကြောင်းများ၊ ဖော်ရွေပျူငှာလှသော မြန်မာ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်များနှင့်အတူ သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း များဖွံ့ဖြိုးရာ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ တိုးတက်ရရှိရေး ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီ အစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

 ခရီးသွားလုပ်ငန်းသည် စီးပွားရေးအခွင့်အလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်ဖြည်းဆည်းပေးသော လုပ်ငန်းဒေသအသီးသီး ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက် အကူပြုသောလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော မောင်းနှင်အားဖြစ်ပြီး အလားအလာကောင်းသော လုပ်ငန်းဖြစ်သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံအတွက် အကျိုးသက်ရောက်မှုရှိစေသည်။ လွန်ခဲ့သော ဆယ်စုနှစ်များသည် ခရီးသွားလုပ်ငန်း၏တိုးတက်လာ မှုသည် ကမ္ဘာ့စီးပွားရေးကို သိသိသာသာအထောက်အကူပြုစေခဲ့ သည်။

 ယနေ့ကမ္ဘာတွင် အစိမ်းရောင်စီးပွားရေးရင်းနှီးမြှုပ်နှံပေးရေး အစီအစဉ်များသည် တဖြည်းဖြည်းကျယ်ပြန့်လာသည်။ လွန်ခဲ့သော နှစ်များဆီက ရန်ကုန်မြို့နှင့်မိုင် ၃၀ အစိမ်းရောင်ဖွံ့ဖြိုးရေးမူဝါဒ ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ လူသားများအသက်ရှည် ကျန်းမာရေး၊ သဘာဝဘေးလျော့ပါးရေး၊ သဘာဝအရင်းအနှီးများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်။

သို့ဖြစ်ရာ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှသာ အောင် မြင်မှုများရရှိနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ကို  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  ကြိုးပမ်းဆောင်ရွက်စေချင် ကြောင်း။       ။






အခြားဆက်စပ်သတင်းများ