နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်ပင်သာယာဈေးများ ဖွံ့ဖြိုးရေး ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန် ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော် ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေး မှူး၊ ကော်မတီဝင်များ၊ ဌာနမှူး များနှင့် တာဝန်ရှိးသူများ လိုက် ပါလျက် ယနေ့နံနက်ပိုင်းက ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မင်္ဂလာတောင် ညွန့်မြို့နယ်၊ မင်္ဂလာဈေးတည် ဆောက်ရေးလုပ်ငန်းခွင်၊ပုဇွန် တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး ခြံစည်းရိုးကာရံခြင်းနှင့်မြေတား နံရံကာရံခြင်းလုပ်ငန်ခွင်နှင့် တာမွေမြို့နယ်၊ တာမွေအဆင့် မြင့်ဈေးတည်ဆောက်မည့်လုပ် ငန်းခွင်နေရာများသို့ သွား  ရောက်ကွင်းဆင်းကြည့်ရှုစစ် ဆေး၍ လိုအပ်သည်များ မှာ ကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည့် နံနက် ၇ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေ ကုန်းရပ်ကွက်၊ ဗညားဒလ လမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေး မြေအောက်နှစ်ထပ် မြေပေါ် ၁၅ ထပ် အဆောက် အဦ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ဌာနမှူး ဦးသန်းထိုက်နှင့်တာဝန်ရှိသူ များက တည်ဆောက်ရေးလုပ် ငန်းဆောင်ရွက်နေမှုများကို လိုက်လံ  ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က သတ်မှတ်ချိန် အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးနှင့်လုပ်ငန်းခွင်အန္တရာယ်   ကင်းရှင်းရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ သက်ဆိုင်ရာဌာနများနှင့်ပေါင်း စပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

အဆိုပါ မင်္ဂလာဈေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် စတင်တည်ဆောက်ခဲ့ရာ မူလ ဈေးသူ၊ ဈေးသားများအား ပြန် လည်နေရာချထားမည့် မြေ အောက်နှစ်ထပ်နှင့်မြေပေါ် ငါးလွှာတည်ဆောက်ခြင်းလုပ် ငန်းမှာ ယခုအခါ ၅၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီတွင် အပြီးတည်ဆောက် ရန်လျာထားကြောင်း၊ မင်္ဂလာ ဈေးတွင် ဘဏ်များ၊ City Mart၊ ဆိုင်ခန်းများ၊ ရုံးခန်းများနှင့် ပါဝင် တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့ တော်ဝန်နှင့်အဖွဲ့သည် ပုဇွန် တောင်မြို့နယ်၊ ၆ ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန် တောင်ဈေးသို့ သွားရောက်၍ ပုဇွန်တောင်ဈေးအနောက်ဖက် ပုဇွန်တောင်ချောင်းနှင့်သဲဖြူချောင်းဘေး မြေဝင် ၃၁ ပေ၊ မြေပေါ် ၇ ပေ၊ ထု ၁၂ လက်မမှ ၂၁လက်မ၊ အရှည် ၂၂၅၇ ပေရှိ RC နှင့် သံပန်းပါဝင် သည့် ခြံစည်းရိုးကာရံခြင်းနှင့် မြေတားနံရံကာရံခြင်းလုပ်ငန်း ခွင်သို့ သွား‌ရောက်ကြည့်ရှု စစ်ဆေး၍ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့်လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန်မှာ ကြားပြီးလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါလုပ်ငန်းမှာ ယနေ့ထိ ၇၀ ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် တာမွေ မြို့နယ်၊တာမွေကြီး (က)(ဂ)ရပ်ကွက်၊ ကျိုက္ကဆံလမ်းရှိ တာမွေယာယီဈေးသို့ သွား ရောက်၍ မြေဧရိယာ ၃ ဒသမ ၇၉၂ ဧက တွင်ဈေးဆိုင်ခန်းပေါင်း ၁၄၄၂ ခန်းအပြင် ယာဉ်ရပ်နား ရန်နေရာ၊ Community Center၊ ကလေးကစားကွင်း၊စာကြည့် တိုက်တို့ပါဝင်သည့် တာမွေ အဆင့်မြင့် ဈေးတည်ဆောက်ရန် လျာထားသည့် မြေနေရာကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးသည်။    ကျော်သူထက်

ယာဉ်ရပ်နားစခန်းများစည်ပင်သာ






အခြားဆက်စပ်သတင်းများ