နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ခန္ဓာသန်စွမ်း စိတ်နှလုံးရွှင်လန်းစေဖို့

ရန်ကုန်၊ ဇွန် ၂၇

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကိုအထောက်အကူ များစွာဖြစ်နိုင်သည်ဟု ကျန်းမာရေးသုတေသီများ က ထုတ်ဖော်ပြောကြားလျက်ရှိသည်။ အသက်အရွယ်ရလာချိန်တွင် လမ်းလျှောက်ခြင်းသည် အသက်ရှည်ဆေး တစ်ရပ်ပင်ဖြစ်သည်။ ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကိုပိုင်ဆိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား တစ်ခုခု သို့မဟုတ် လမ်းလျှောက်ခြင်းပြုလုပ်သင့်သည်။

ကိုယ်လက်လှုပ်ရှားမှုဖြစ်သော လမ်းလျှောက်ခြင်းကို နာရီဝက်ခန့် နေ့စဉ်လမ်းလျှောက်ပေးခြင်းဖြင့် ကြွက်သားများကို သန်မာစေသည်။ အရိုးအဆစ်တို့ကို အားကောင်းစေသည်။ အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ်အလေးချိန်မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ လေဖြတ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေနိုင်သဖြင့် လမ်းလျှောက်ခြင်းဖြင့် အဝလွန်မှုကို လျော့ကျစေနိုင်သည်။

ခန္ဓာကိုယ်မှ သင့်ကို ကိုယ်အလေးချိန်လျော့ရန် လက္ခဏာများပြလာတတ်သည်။ မောပန်းလွယ်ခြင်း၊ အချိန်ပြည့် အိပ်ချင်နေခြင်း၊ ညောင်းညာလာခြင်း၊ ခြေထောက်၊ လက်များဖောရောင်လာခြင်း၊ အသက်ရှုကျပ်လာ ခြင်းလက္ခဏာတို့ ဖြစ်ပေါ်လာသည်။ ယင်းအခြေအနေများ ဖြစ်ပေါ်လာရာ စနစ်တကျ ကိုယ်အလေးချိန် လျှော့ချသင့်သည်။ ယခုအခါ ဌာနဆိုင်ရာများရှိဝန်ထမ်းများတွင်လည်း ကိုယ်အလေးချိန်မမြင့်မားရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။

မြို့ပြနေလူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများ များပြားလာသည့်အခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများ လျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များတိုးပွားလာမည်ဖြစ်သည်။ သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည်အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည်ကျန်းမာစေရန်အတွက် စောစောထ လမ်းလျှောက်အလေ့အထ ဂရုပြုစေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ