နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်ပျူတာသင်တန်းဆင်းပွဲများကျင်းပ ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်

ရန်ကုန်  စက်တင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဖွင့်လှစ်သော အဆင့်မြင့် ရုံးသုံးကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်း ၅/၂၀၂၃ နှင့် လက် တွေ့အသုံးချကွန်ပျူတာကျွမ်း ကျင်မှု Networking Engin- eering Course သင်တန်း ၅/၂၀၂၃  သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက e-Government စနစ်ကိုအသုံးပြု၍ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူလျင်မြန် ထိရောက် အောင်အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် ဝန်ထမ်း များအားလုံးလိုက်ပါဆောင်ရွက် နိုင်ရန်အတွက် သင်တန်းများကို အချိန်၊ လူအား၊ ငွေအား အကုန် အကျခံကာ ဆောင်ရွက်ပေး လျှက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့် အညီ မိမိတို့သင်ကြား တတ် မြောက်ပြီးသော ကျွမ်းကျင်မှု အတတ်ပညာများဖြင့်  ဌာန အကျိုး၊ နိုင်ငံ့အကျိုးကို အလုပ် အကျွေးပြုနိုင်သော နိုင်ငံ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် ပြော ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံ ရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်တို့က သင်တန်းဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ကောင်း၊ စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့် အောင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းတို့က သင်တန်းများတွင် ပထမ၊ ဒုတိယ ဆုရရှိသူများအား ဂုဏ်ပြုမှတ် တမ်းလွှာနှင့်ချီးမြှင့်ငွေများ ကို လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူး ချုပ်မျိုးမင်းထိုက်က တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး IT ပညာရှင်များအား ဂုဏ်ပြုချီးမြှင့် ငွေများကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးညီညီမင်းတို့က သင်တန်းဆင်း လက်မှတ်များ ကိုလည်းကောင်း အသီးသီး ပေး အပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး သင်တန်း သား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် သည်။

ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ