နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေးအန္တရာယ်ကင်းရှင်း စားသုံးရန်သင့်လျော်သော အစားအသောက်ရရှိရေး သင်တန်းအမှတ်စဉ် ၃/၂၀၂၃ ဖွင့်ပွဲကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၂၆

ရန်ကုန်မြို့တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စား သောက်ဆိုင်များ ကျန်းမာရေး နှင့်ညီညွတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့်အစားအသောက် များဖြစ်စေရန်ရည်ရွယ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ကျန်း မာရေးဌာန၊ ဘေးအန္တရာယ် ကင်းရှင်း၍ စားသုံးရန်သင့် လျော်သော အစားအသောက် ရရှိရေး သင်တန်းအမှတ်စဉ် ၃/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က ရန်ကုန်မြို့ ကုန် သည်လမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၌ ကျင်းပရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင် ဒေါက် တာငွေစန်း၊ ပြည်သူ့ကျန်းမာ ရေးဌာန၊ ဌာနမှူး (ဒုတိယညွှန် ကြားရေးမှူးချုပ် ) ဒေါက်တာ မြင့်သန်းထွန်းနှင့် တာဝန်ရှိသူ များ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မတီ ဝင်  ဒေါက်တာငွေစန်းက အဖွင့် အမှာစကားပြောကြားရာ ယခု သင်တန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များရောင်း ချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ စားသောက်ဆိုင် ပိုင်ရှင်များအနေဖြင့်  အစား အသောက်နဲ့ပက်သက်ပြီး ဗဟုသုတရှိရန်နှင့် လက်တွေ့ လိုက်နာကျင့်သုံးရန် လိုအပ် ကြောင်း၊ လက်ရှိရန်ကုန်မြို့တွင် စားသောက်ဆိုင်များ သိသိ သာသာတိုးပွားလာမှုနှင့်အတူ ရောင်းချသည့် အစားအစာများ သည်လည်းဘေးအန္တရာယ်ကင်း ရှင်းသည့်အစားအစာများဖြစ် ရန်လိုကြောင်း၊ ဒါမှသာစားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်း သည့် အစားအသောက်များကို စားသုံးနိုင်မည်ဖြစ်ကြောင်း၊ အစားအစာများတွင် အဆီ လွန်ကဲမှု၊ အငံလွန်ကဲမှု၊ ရောနှော ဆီများအသုံးပြုမှုကြောင့် ကင်ဆာရောဂါနှင့် ရောဂါပေါင်း စုံဖြစ်ပွားနိုင်ကြောင်း၊ ဒါကြောင့် သင်တန်းသားများအနေဖြင့်ယခုသင်တန်းမှ ပို့ချသည့်သင် ခန်းစာများကို စိတ်ဝင်တစား သင်ယူပြီးမိမိတို့၏ စားသောက် ဆိုင်များအရည်အသွေးမြင့်မားလာစေရန်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားသည်။

ယနေ့ သင်တန်းဖွင့်ပွဲတွင် ဒေါက်တာမြင့်သန်းထွန်းက အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဒေါက်တာ ရွှေဘော် က  အစားအသောက်ပြုပြင် ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဒေါက်တာ ကိုကို ထွန်းက HACCP၊ ဒေါက်တာ မြင့်မြတ်က တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် စားသောက် ဆိုင်များ လိုက်နာရမည့် စည်း ကမ်းချက်များ၊ ဒေါက်တာ အောင်ကိုဦးက Basic Food Safety & Sanitation များ၊ ဒေါက်တာ ဝေယံထက်ကမသန့် ရှင်းသောရေမှ တစ်ဆင့်ကူးစက် တက်သော ရောဂါများ ခေါင်းစဉ် ဖြင့်လည်းကောင်း ပို့ချသည်။

အဆိုပါ သင်တန်းသို့ ရန်ကုန်မြို့ရှိ စားသောက်ဆိုင် များက သင်တန်းသား၊ သင်တန်း သူ ၅၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၆ မှ ၂၇ ရက်အထိဖွင့်လှစ်ပို့ချ မည်ဖြစ်ကြောင်း သိရသည်။

သတင်း-နန္ဒာဆွေ(မြို့တော်)

ဓာတ်ပုံ-မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ