ရန်ကုန် စက်တင်ဘာ ၂၅
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က ဩဂုတ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၅၉,၉၇၁ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၅,၉၇၀ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် ၄,၀၀၁ တင်ပို့ ခဲ့သည်။ အဆိုပါတင်ပို့မှုတွင် ဆန်တန်ချိန် ၃၃,၇၅၅၊ ဆန်ကွဲတန်ချိန် ၂၆,၂၁၆ ပါဝင်သည်။
မြန်မာ့ဆန်များကို ဖိလစ်ပိုင်၊ စပိန်၊ တရုတ်၊ ပိုလန်နှင့်ဘယ်လ်ဂျီယံ အပါအဝင်နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ အများ ဆုံးတင်ပို့ခဲ့သည်။ ထို့အတူ ဆန်ကွဲကိုလည်း တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံနှင့်နယ်သာလန် အပါအဝင် ၁၀ နိုင်ငံသို့ ဆန်ကွဲများတင်ပို့ခဲ့ကြောင်း သိရသည်။
ဩဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၅၉,၉၇၁ တင်ပို့မှုမှ ကန်ဒေါ်လာ ၂၈ သန်းခန့်ရရှိခဲ့သည်။
ဆောင်းဦး