နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များရရှိရေး

ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများ ပြည်သူတို့စားသုံးနိုင်ရန် ဈေးကွက်များတွင်ရောင်းချလျက်ရှိသော အစားအသောက်များကိုစစ်ဆေး၍ စားသုံးရန်််မသင့်သော အစား အသောက်များကိုလည်း မကြာခဏသတိပေးလျက်ရှိသည်။

 ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနကို ၁၉၉၅ ခုနှစ်မှစတင်ပြီး ဌာနခွဲတစ်ခုအဖြစ် ဖွဲ့စည်း ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်းစဉ်က နေပြည်တော်ရုံချုပ်နှင့်ဌာနခွဲငါးခုသာရှိရာ ရန်ကုန် (ရုံးခွဲ)၊ မန္တလေး (ရုံးခွဲ)၊ တိုင်းဒေသကြီး၊ ပြည်နယ်ရုံး ၁၂ ခု၊ ခရိုင်ရုံး  ၃၃ ရုံး၊ နယ်စပ်ကုန်သွယ်ရေးစခန်းငါးခု၊ လျာထား ၁၅ ခုအထိ တိုးချဲ့ ဖွဲ့စည်းနိုင်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကိစ္စရပ်များကို ခရိုင်အဆင့်အထိတိုးမြှင့်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် သက်ဆိုင်ရာရုံးများတွင် ခေတ်မီဓာတ်ခွဲခန်းများ၊ ခေတ်နှင့်လျော်ညီ စွာ  E-submisson စနစ်ဖြင့် ဆောင်ရွက်နိုင်သည့် Infrastructure များပါဝင်သည့်အတွက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လျင်မြန်စွာသွက်လက်လျက်ရှိသည်။ ဦးစီးဌာနသည် ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင် အဖွဲ့၏ ကြီးကြပ်မှုနှင့်အညီ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအသောက်၊ ဆေးဝါးဆေးပစ္စည်းနှင့်အလှကုန် များကို ပြည်သူများရရှိ  သုံးစွဲနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့်၊ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊  ပြည်သူ့ ကျန်းမာရေးဌာနသည် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနနှင့် ပူးပေါင်း၍ မြို့နယ်များရှိ ဈေးများတွင်ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များပေးဝေခြင်း၊ ခွင့်မပြုဆိုးဆေးသုံးစွဲရောင်းချခြင်းရှိ၊ မရှိ ဈေးအတွင်း သားစိမ်း၊ ငါးစိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များ သန့်ရှင်းလတ်ဆတ်မှု ရှိ၊ မရှိစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 မြို့နေပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများရရှိရေး အဓိကကျလျက်ရှိရာ ထုတ်လုပ်သူ နှင့်စားသုံးသူများတို့ကပါ  အထူးသတိပြုဆင်ခြင်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ