နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား ဒီဂီယာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရဖွယ်ရှိ

စက်တင်ဘာ  ၂၅

မန်ယူအသင်းနှင့် လမ်းခွဲခဲ့ ပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် ဂိုးသမား ဒီဂီယာ သည် ပွဲထွက်ခွင့်ပေးမည့် အာမခံ ချက်ဖြင့်ခေါ်ယူမည့် အသင်းမရှိ ပါက ပရော်ဖက်ရှင်နယ် ကစား သမားဘဝမှအနားယူရန် ပြင်ဆင် လျက်ရှိသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဒီဂီယာသည် အေတီကိုအသင်း အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်က အေတီကိုအသင်းနှင့် ပရော်ဖက် ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင် ကစားခဲ့သော်လည်း အေတီကို အသင်းတွင် သုံးနှစ်သာ ပါဝင် ကစားခဲ့ပြီး ၂၀၁၁ ခုနှစ်က မန်ယူ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ ပြီး ယခုအခါတွင် အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။

ဒီဂီယာကို အစောပိုင်းတွင် ဆော်ဒီကလပ် အသင်းများက မြင့်မားသည့် လုပ်ခလစာဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဒီဂီယာ ကိုယ်တိုင်က ဥရောပတွင်သာ ကစားလိုနေသည့်အတွက် ပယ်ချ ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ဘက်တစ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် ဆွေးနွေးမှုများပြုလုပ် ခဲ့သော်လည်း လက်ရှိအချိန်ထိ အဆင်မပြေဖြစ်နေသည်။

သူရိန်






အခြားဆက်စပ်သတင်းများ